အခန်း ၂၅၅

50 4 6
                                    

သူတို့ရောက်သွားတဲ့မြို့လေးက Acreia ရဲ့ တောင်ပေါ်ဒေသနားမှာ တည်ရှိသည်. သူမကို ဒီခေါ်လာရတဲ့ တကယ့်အကြောင်းအရင်းကို မသိတဲ့ Poliana ကတော့ ပတ်ဝန်းကျင်နဲ့ ကျေးရွာလေးကို ကြည့်ရှုကာ ပျော်ရွှင်နေသည်. နယ်မြေပိုင်ရှင်ဖြစ်တဲ့ Duke Sneke က အဖမ်းခံထားရပေမဲ့ မြို့ငယ်လေးကတော့ ပုံမှန်အတိုင်း လည်ပတ်နေသည်. ဒီမြို့က အရမ်းလဲမကြီး အရမ်းလဲမသေးငယ်တဲ့ မြို့လေးဖြစ်ပြီးတော့ အမဲလိုက်ခြင်းက ဒီမြို့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ပုံရသည်. ဆာလောင်နေတဲ့ ခရီးသွားတွေက မကြာခဏ ဖြတ်သွားလေ့ရှိတာကြောင့် အတန်အသင့်ကောင်းမွန်တဲ့ စားသောက်ဆိုင်တွေနဲ့ တည်းခိုဆောင်တွေကို တည်ဆောက်ထားတာပြီး ကံကောင်းထောက်မစွာနဲ့ Poliana နဲ့ Lucius တို့က အပြင်မှာ အိပ်စရာမလိုတော့ပေ.

Poliana က စိတ်ပေါ့ပါးစွာနဲ့ လျှောက်ကြည့်နေသည်. ပထမတော့ ရွာသားတွေက လူစိမ်းတွေ ရောက်လာတာကြောင့် သံသယဝင်တဲ့အကြည့်တွေနဲ့ ကြည့်ခဲ့ပေမဲ့ အဲ့တာက အမျိုးသမီးတစ်ယောက် ဖြစ်နေတာကို သိလိုက်တော့ သူတို့က အနည်းငယ်စိတ်သက်သာရာရသွားသည်.

"သူမကို ကြည့်ရတာ တော်တော်လေးချမ်းသာမဲ့ ပုံပဲ, ဟုတ်တယ်မလား?"

"အမျိုးသမီးတစ်ယောက်က တစ်ယောက်တည်း ခရီးသွားတာလား?"

"မဟုတ်ဘူးဟ. သူမနဲ့အတူ အမျိုးသားတစ်ယောက်ပါလာတာ ငါတွေ့လိုက်တယ်"

အမျိုးသမီးတွေက တစ်ယောက်တည်း ခရီးသွားလေ့မရှိပေ. သူတို့တွေက Poliana တစ်ယောက်တည်း လျှောက်သွားနေတာကို သံသယအကြည့်နဲ့မဟုတ်တော့ပဲ စိတ်ပါဝင်စားစွာနဲ့ ကြည့်နေကြသည်. အကြောင်းပြချက်တော့ ရိုးရှင်းသည်. သူမက ရုပ်ဆိုးနေလို့ဖြစ်သည်. တကယ်လို့ အလှပဂေးလေးတစ်ယောက်က မြို့ထဲမှာ ရုတ်တရက်ပေါ်လာရင်တော့ လူတွေက သံသယဖြစ်လာနိုင်သည်.

"အင်း. သူမကို ကြည့်ရတာ ချမ်းသာတဲ့ပုံပဲ. ဒါပေမဲ့ သူမ မျက်နှာပေါ်က အမာရွတ်တွေက ဘာတွေလဲ?"

"ငါလဲ ကြည့်နေတာ, သူမက ဝံပုလွေတစ်ကောင် ဒါမှမဟုတ် တစ်ခုခု ကုတ်တာခံလိုက်ရလား?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now