အခန်း ၂၁၂

40 2 0
                                    

သူမပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီးတော့ Cekel က သဘောမကျပေ.

မောင်းမဆောင်ထဲမှာလဲ ထူးဆန်းတဲ့ အနေအထားတွေရှိနေသည်.

Poliana ကလဲ Frae Sneke နဲ့ လက်ထပ်တော့မယ်လို့ ပြောလာသည်.

တခြားဘာသတင်းမှ မရနိုင်တဲ့အတွက်ကြောင့် Cekel က ဘာလုပ်ရမလဲ မသိတော့ပေ. လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ အဖြေတစ်ခုခုရှိနေလောက်တဲ့ Sir Deke ရဲ့အကူအညီကို သူမလိုအပ်သည်. ကံမကောင်းစွာနဲ့ပဲ သူက ဧကရာဇ်ရဲ့အမိန့်နဲ့ အဝေးကို ရောက်နေသည်. သူက Lady Rebecca ရဲ့နာရေးပြီးတည်းက အဝေးကို ရောက်နေတာဖြစ်သည်.

Cekel က မကျေမနပ်ဖြစ်ကာ ငြီးတွားလိုက်သည်.

"ဒီကောင်စုတ်လေးကတော့ ငါ သူ့ကို လိုအပ်တဲ့အချိန်တိုင်း ဘယ်တော့မှ မရှိဘူး."

သူမရဲ့အစ်ကိုတွေကလဲ အတူတူပဲဖြစ်သည်. သူမမှာ အစ်ကို နှစ်ယောက်နဲ့ မောင်တစ်ယောက်ရှိပေမဲ့ တစ်ယောက်မှ အသုံးမကျပေ. သူမ သူတို့ကိုလိုအပ်တဲ့အချိန်တိုင်း သူတို့က သူမနားမှာ ဘယ်တော့မှ မရှိပေ. ကြည့်ရတာ သူမရဲ့ကံကို အဲ့လိုဆိုးတာဖြစ်နိုင်သည်.

သတင်းအချက်အလက်ဌာနမှာ နောက်ထပ်သိတဲ့လူတွေရှိရင်တော့ သူမအတွက် အထောက်အကူရမှာဖြစ်ပေမဲ့ ဒီဌာနက လျှို့ဝှက်ထားဆဲဖြစ်ပြီး သူမက ဒီကိစ္စတွေကို မသိပေ. Cekel က ဒီအဖွဲ့အတွက် Sir Deke ခန့်ထားတဲ့ သတင်းပေးတစ်ယောက်ဖြစ်နိုင်ပေမဲ့ သူမက တခြားကိုယ်စားလှယ်တွေကို မသိပေ.

"Gosh..."

Cekel က စိတ်ရှုပ်စွာနဲ့ သက်ပြင်းချလိုက်သည်. သူမရဲ့ဆဌမအာရုံက ဒီကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာစရာတစ်ခုခုရှိနေတယ်လို့ ပြောနေပြီး သူမက ဒီကိစ္စကို သေချာစုံစမ်းဖို့လိုသည်. ပြဿနာက ဘာတွေဖြစ်နေလဲဆိုတာကို သူမ မပြောတတ်ပေ.

ဒီကြီးကျယ်ခမ်းနားတဲ့ ရဲတိုက်ကြီးထဲမှာ သူမက နာမည်မရှိတဲ့ အကူတစ်ယောက်လို့ Cekel က ခံယူထားသည်. သူမက ဘာမှမဟုတ်တာကြောင့် မောင်းမဆောင်ထဲမှာ ဘာတွေဖြစ်နေဖြစ်နေ သူမကို တိုက်ရိုက်ထိခိုက်လာနိုင်တာမျိုးမရှိပေ. သူမက အဲ့တာတွေကို မသိချင်ယောင်ဆောင်လိုက်ဖို့လိုသည်. Poliana ကလဲ သူမကိုယ်သူမ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိတဲ့ လူတစ်ယောက်ဖြစ်သည်. Cekel အနေနဲ့ တခြားအကူတွေနဲ့ပတ်သက်ပြီးလဲ စိတ်ပူစရာအကြောင်းမရှိပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now