အခန်း ၂၈၀

47 3 0
                                    

ရာသီမလာတာ, အားနည်းနေတာနဲ့ အကြောင်းပြချက်မရှိပဲ ပျို့နေတာ.. ဒါတွေက ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကြောင့် ဖြစ်လာနိုင်တဲ့ လက္ခဏာဖြစ်နိုင်သလို ဒီလိုလက္ခဏာတွေ မဖြစ်လာခင်မှာ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တာကြောင့်ဆိုရင်ရော?

Poliana က အလုပ်ကနေ အိမ်ကို စောစောပြန်သွားလိုက်သည်. နောက်တော့ သူမက ဂါဝန်လဲကာ သူမဆံပင်တွေကို လက်ကိုင်ပုဝါနဲ့ စီးလိုက်သည်. သူမလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့ကစပြီးတော့ Poliana က သူမဆံပင်တွေကို မညှပ်ပဲ နေခဲ့ကာ အခုတော့ သူမဆံပင်တွေက ပခုံးနားကို ထိလုနီးပါးဖြစ်နေသည်.

အခု ညှပ်ပစ်လိုက်ရမလား? မညှပ်ပဲ ထားလိုက်ရမလား?

Poliana က မှန်ထဲကို ခဏစိုက်ကြည့်နေပြီး လက်ကိုင်ပုဝါက သူမဆံပင်ရှည်နဲ့ ပိုလိုက်ဖက်နေတာကို တွေ့လိုက်ရတာကြောင့် သူမက ဆံပင်မညှပ်ပဲထားဖို့ ဆုံးဖြတ်လိုက်သည်. သူမရဲ့ အိမ်တော်ထိန်းက မေးလာသည်.

"သခင်မ အပြင်သွားမလို့လား?"

"ဟုတ်တယ်"

Poliana ဂါဝန်ဝတ်ထားတာကြောင့် သူမက ခရီးအဝေးကြီးသွားမှာ မဟုတ်ဘူးလို့ အဓိပ္ပါယ်ရပြီး သူမက အရူးတစ်ယောက်လိုမျိုး လေ့ကျင့်ခန်းတွေ မလုပ်တော့တာကြောင့် သူမအိမ်တော်ထိန်းက ပျော်ရွှင်နေသည်. Poliana က သူမမြင်းပေါ်ကိုလဲ မတက်ခဲ့ပေ. အဲ့အစား သူမက လမ်းလျှောက်သွားလိုက်သည်. သူမက ပတ်ဝန်းကျင်ကို မေးမြန်းကာ သူမရှာနေတဲ့ နေရာကို တွေ့သွားသည်. အဲ့တာက လူနေရပ်ကွက်တစ်ခုထဲမှာဖြစ်သည်. အသက်ပြင်းပြင်းရှူပြီးနောက် Poliana က အခန်းထဲကို လျှောက်ဝင်သွားသည်. ဒီနေရာရဲ့ ပိုင်ရှင်က အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ဖြစ်သည်.

အဘွားအိုကြီးရဲ့အလုပ်က ရွာတိုင်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် လိုအပ်တဲ့အလုပ်ဖြစ်သည်. သူမက အတွေ့အကြုံများပြီးတော့ အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ကာ ကူညီနိုင်တဲ့သူ ဖြစ်သည်.

သူမက ဝမ်းဆွဲသည်ဖြစ်သည်. သမားတော်အများစုက အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဗဟုသုတအများကြီး မရှိတာကြောင့် ဝမ်းဆွဲသည်တွေက လိုအပ်နေသည်. သူတို့မှာ တရားဝင်အသိအမှတ်ပြုအဖွဲ့အစည်း, ကျောင်းတွေနဲ့ သုတေသနလုပ်ထားတာတွေမရှိပေမဲ့ ဝမ်းဆွဲသည်တွေရဲ့အတွေ့အကြုံတွေကတော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့ကလေးတွေရဲ့ သေဆုံးမှုတွေကို လျော့ကျဖို့ ကူညီနိုင်ခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now