အခန်း ၂၇၁

48 4 0
                                    

Lucius ကို ကြည့်ရတာ မပျော်ရွှင်တဲ့ပုံစံဖြစ်နေပေမဲ့ Poliana ကတော့ စစ်သည်တွေရဲ့ဖိတ်ခေါ်ချက်ကို ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်သည်. သူမက သူမရဲ့ခွက်ကို မြှောက်ကာ ပြောလိုက်သည်.

"ငါ လက်ထပ်တော့မယ်လို့ နောက်တစ်ခါပြောမိရင် မင်းတို့အားလုံး ငါ့ကို တားရမယ်!"

"စိတ်သာချနေ!"

စစ်သည်တွေက စိတ်လှုပ်ရှားတက်ကြွစွာနဲ့ အားပေးလိုက်ကြပေမဲ့ ဧကရာဇ်အတွက်တော့ တူညီတဲ့ခံစားချက်မျိုး ဖြစ်လာဟန်မတူပေ. သူက သူမကို လက်ထပ်ချင်နေပေမဲ့ Poliana ကတော့ ဒီကိစ္စကို ရှောင်ရှားဖို့ ဆုံးဖြတ်လိုက်ပုံရသည်.

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် သူမက အမူးလွန်ကာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ကြီးတစ်ခုဖြစ်ခဲ့သည်. Poliana က သူမရဲ့ခွက်ကို တခြားစစ်သည်တွေနဲ့အတူ အပြောင်ရှင်းလိုက်တာကို Lucius က စောင့်ကြည့်နေသည်. သူက စိတ်ပူသွားကာ သူမကို ပြောလိုက်သည်.

"Pol, မင်း ဒီနေ့အများကြီးသောက်ဦးမလို့လား?"

"ဒါက ရေတွေပါ အရှင်"

Poliana က သူမခွက်ကိုပြရင်း ပြန်ဖြေလိုက်သည်. သူမခွက်ထဲမှာ ကြည်လင်အေးမြနေတဲ့ ရေတွေရှိနေသည်. သူမကို ဂုဏ်ပြုတဲ့စားသောက်ပွဲမျိုးမှာ အရက်မသောက်ပဲနေဖို့ ခဲယဉ်းတာကြောင့် ဧကရာဇ်က မေးလိုက်သည်.

"တခြားစစ်သည်တွေက မင်းကို သောက်ဖို့ ဖိအားမပေးဘူးလား?"

"ကျွန်မ အရက်မူးလာရင် ငိုမှာလို့ ပြောလိုက်တော့ သူတို့က ကျွန်မကို ရေပဲသောက်ခိုင်းတော့တယ်"

"..."

ဒီပါတီက သူမကိုနှစ်သိမ့်ပေးဖို့ဖြစ်ပေမဲ့ သူမငိုလာမှာကိုတော့ စစ်သည်တွေက လိုချင်ပုံမရပေ. ဘယ်လောက်တောင်ကောင်းတဲ့ သူငယ်ချင်းတွေလဲ....

Poliana က ဧကရာဇ်ကို ပြောလိုက်သည်.

"ကျွန်မ ရေအေးပဲသောက်မှာပါ. ကျွန်မ အမူးလွန်ပြီးတော့ ကိုယ့်ကိုကိုယ်မထိန်းနိုင်တာမျိုး ထပ်မဖြစ်စေရဘူးလို့ ကျိန်ဆိုပါတယ်. တကယ်လို့ ကျွန်မထပ်သောက်မိရင် ကျွန်မရဲ့မျိုးရိုးနာမည်ကို စွန့်လွတ်လိုက်မယ်"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now