အခန်း ၂၆၅

55 5 0
                                    

Poliana က နီရဲပြီးယောင်ရမ်းနေတဲ့ မျက်လုံးတွေနဲ့ Lucius ရဲ့ လှပတဲ့အစိမ်းရောင်မျက်ဝန်းတွေထဲကို စိုက်ကြည့်လိုက်သည်. သူ့ရဲ့မျက်ဝန်းတွေထဲမှာ အချစ်ရိပ်တွေနဲ့ ပြည့်နှက်နေပြီး သူမရဲ့နှလုံးသားက ယိမ်းယိုင်လှုပ်ရှားလာသည်.

ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်တဲ့ ယောက်ျားလဲ!

ဒီလူက သူ့ကိုချစ်ပေးဖို့အတွက် သူမကို တောင်းပန်နေသည်. သူ့အချစ်ကို လက်ခံဖို့အတွက် တောင်းဆိုနေသည်. သူ့ခန္ဓာကိုယ်က လိုအင်ဆန္ဒတွေနဲ့ တောက်လောင်နေပေမဲ့ သူ့ရဲ့လိုအပ်ဆန္ဒတွေထက်စာရင် သူမကို ချစ်မြတ်နိုးတဲ့ သူ့အချစ်တွေက ပိုကြီးမားနေတာကြောင့် သူက သူ့ကိုယ်သူ ထိန်းချုပ်နေခဲ့သည်. ဒါက သူ့အနေနဲ့ သူမအပေါ် လေးစားမှုရှိတာကို သက်သေပြနေပြီး သူတို့ရှေ့ဆက်တိုးဖို့အတွက် သူမရဲ့ခွင့်ပြုချက်ကို တောင်းခံနေသည်.

သူမရဲ့ဧကရာဇ်က ဒီကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးယောက်ျားတစ်ယောက် ဖြစ်သည်. သူမအတွက် သူ့အချစ်မေတ္တာတွေက စစ်မှန်သည်. Lucius က Poliana ကို ချစ်မိတဲ့အချစ်တွေထဲမှာ နှစ်မြုပ်ပျောက်ကွယ်သွားမှာကို ဂရုမစိုက်ပေ.

ဒီနေ့က ကြောက်စရာကောင်းပြီးတော့ ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ခဲ့ပြီး သူမဘဝမှာ အကြီးမားဆုံးသစ္စာဖောက်တာကို ခံလိုက်ရတဲ့ Poliana ကတော့ ချက်ချင်းဆိုသလို သူမရဲ့ လူသားတစ်ယောက်အပေါ် ထားနိုင်တဲ့ယုံကြည်မှုကို အနည်းငယ်ပြန်ရလိုက်သည်.

အနည်းဆုံးတော့... သူမအရှေ့မှာ ရှိနေတဲ့ ဒီလူက သူမကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပေ. ဒီအချက်က အမှန်တကယ်ဖြစ်ပြီးတော့ သူမကလဲ ဒီအချက်ကို ကောင်းစွာသိထားသည်. Poliana က ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေကို ဆာလောင်မွတ်သိပ်နေသည်. သူမက နွေးထွေးမှုကို လိုချင်နေသည်.. သူမက တစ်ယောက်ယောက်လိုနေပေမဲ့ အဲ့တာက ဘယ်သူမဆို မဖြစ်နိုင်ပေ. သူမက မြင်းဖြူစီးထားတဲ့ ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးကို မလိုအပ်ပေ. သူမကို အရှိအတိုင်းလက်ခံပေးနိုင်တဲ့ လူတစ်ယောက်ကိုသာ သူမလိုချင်ခဲ့တာဖြစ်သည်. သူမကို လေးစားတဲ့ တစ်စုံတစ်ယောက်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now