အခန်း ၃၃၀

56 5 0
                                    

Lucius အနေနဲ့ သူမကို မပိုးပန်းခင်အထိတော့ သူ့ရဲ့အလှတရားက Poliana အတွက် ဂုဏ်ယူဝံ့ကြွားစရာနဲ့ ပျော်ရွှင်မှုဖြစ်ခဲ့သည်.

Lucius က သူမကို မေးလိုက်သည်.

"မင်းက ရဲတိုက်ကိုတော့လာပြီး ငါ့ဆီတော့ လာမတွေ့တော့ဘူးပေါ့လေ Sir Pol?"

"ကျွန်မ လာမလို့ပါပဲ အရှင်"

"ကောင်းပြီလေ. အဲ့တာဆို မင်းငါ့ကို အချိန်နည်းနည်းလောက်ပေး"

"ရတာပေါ့အရှင်"

Lucius က သူ့လက်ကို ကမ်းလိုက်သည်. သူလှုပ်ရှားတဲ့ပုံစံက ကျက်သရေရှိကာ တင့်တယ်လွန်းတာကြောင့် Poliana က သူလုပ်လိုက်တဲ့ပုံစံကို သတိပြုမိဖို့အတွက် အချိန်အတော်ကြာသွားခဲ့သည်. ဧကရာဇ်က Poliana ကို လေးစားတဲ့အမူအရာနဲ့ သူမလက်ကို ကမ်းလင့်နေတဲ့ အနေအထားကြောင့် အနားမှာရှိနေကြတဲ့ စစ်သည်တွေက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်.

Poliana က အထိတ်တလန့်ဖြစ်ကာ နောက်တစ်လှမ်းဆုတ်သွားတော့ ဧကရာဇ်က မေးလာသည်.

"မင်း ငါ့လက်ကို ဒီအတိုင်းကြီး ထားတော့မို့လား?"

"ကျွန်မ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်လို့ရပါတယ်အရှင်!"

Poliana ကို သူနဲ့အတူ အချိန်ဖြုန်းဖို့သာ ပြောခဲ့တာဖြစ်သည်. သူမက ဒီလိုမျိုး ထိတွေ့ဆက်ဆံဖို့ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူးလေ! Poliana က နားနေခန်းထဲနေ ထွက်ပြေးသွားတာကြောင့် ဧကရာဇ်က ရှက်ရွံ့တဲ့အမူအရာနဲ့ ကျန်နေခဲ့သည်. Lucius က ရယ်လိုက်ကာ အစောင့်တွေကို ပြောလိုက်သည်.

"သူမက ချစ်စရာမကောင်းဘူးလား? မင်းတို့ရော အဲ့လိုမထင်ကြဘူးလား?"

ဧကရာဇ်က သူမအတွက် ဂုဏ်ယူနေသည်. Poliana က ဘယ်လိုနေနေချစ်စရာကောင်းတယ်လို့ သူက ထင်နေပေမဲ့ အခန်းထဲကလူတွေကတော့ အသံတိတ်နေကြသည်.

Lucius က အနေရခက်သလိုဖြစ်သွားကာ ချောင်းဟန့်လိုက်သည်. Poliana က ဒီလောက်ချစ်ဖို့ကောင်းတာကို ဘာလို့ တစ်ယောက်မှ မမြင်နိုင်ကြတာလဲ? ကောင်းပြီလေ. ကိစ္စတော့မရှိဘူး. သူတစ်ယောက်တည်းက အမှန်တရားကို သိတဲ့အတွက်ကြောင့် သူတစ်ယောက်တည်းပဲ Poliana ရဲ့ ချစ်စရာအမူအရာတွေကို ပျော်ရွှင်စွာနဲ့ စောင့်ကြည့်တော့မည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now