အခန်း ၃၂၀

58 7 0
                                    

Poliana က မေးလိုက်သည်.

"အရှင်, အရှင်တကယ်ပဲ... အရှင် တကယ်စိတ်ရင်းနဲ့ပြောနေတာလား?"

"ငါတို့ ဟိုတောင်စွန်းမှာ ရပ်မိတဲ့အချိန်တည်းကစပြီး မင်းအပေါ်မှာရှိနေတဲ့ ငါ့ခံစားချက်တွေက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး; မင်းကို ချစ်နေတဲ့ ငါ့အချစ်တွေက ထာဝရတည်တံ့နေမှာ"

သူမကို ချစ်မိတဲ့နေ့တည်းကစပြီး Lucius က Poliana ရဲ့ အကျဉ်းသားဖြစ်ခဲ့တာဖြစ်သည်. ဧကရာဇ်ဆုပ်ကိုင်ထားတဲ့ Poliana ရဲ့ လက်တွေက နွေးထွေးလာသည်. တဖြည်းဖြည်းနဲ့ သူမကလဲ ပြန်ပြီးဆုပ်ကိုင်ဖို့ ကြိုးစားလိုက်ချိန်မှာတော့ သူမရဲ့လက်ချောင်းထိပ်တွေကနေ သူမရဲ့နှလုံးခုန်သံကို ခံစားလို့ ရလာသည်. အခုအချိန်အထိ သူမက ငြင်းဆန်ဖို့ ကြိုးစားနေခဲ့ပေမဲ့ အခုတော့ သူမက ဘယ်လိုတောင်လွဲချော်ခဲ့တာလဲဆိုတာကို မယုံကြည်နိုင်လောက်အောင်ဖြစ်သွားသည်. သူမအပေါ်မှာ ထားရှိတဲ့ ဒီအမျိုးသားရဲ့ခံစားချက်တွေက လုံးဝစစ်မှန်နေပြီး ဒီကမ္ဘာပေါ်မှာ ဒီလောက်ချစ်စရာကောင်းတဲ့အမျိုးသားရဲ့ စိတ်ရင်းကို ဘယ်သူက လစ်လျှူရှုနိုင်မှာလဲ?

Poliana ရဲ့ ပါးပြင်တွေက ပူလောင်လာပြီး ရှက်သွေးဖြာလာသည်. သူမက သူ့ကို ချစ်မိသွားတာမဟုတ်ပေမဲ့ အခု သူမက အမှန်တရားကို သိလိုက်တော့ သူမ တာဝန်ယူရမဲ့အရာအသစ်တစ်ခု ထပ်ရှိလာသည်.

သူမက ထပ်ပြီး ငြင်းဆန်နေလို့ မရတော့ပေ.. သူမက လစ်လျှူရှုလို့လဲ မရနိုင်တော့ပေ.


ပြီးတော့.....

သူမက သူ့ကို တစ်ခါလောက်တော့ အခွင့်အရေးပေးဖို့လိုနေသည်.

Lucius ကိုယ်တိုင်က အလုပ်ကြိုးစားတဲ့သူဖြစ်တာကြောင့် သူက အလုပ်ကြိုးစားတဲ့သူတွေကို သဘောကျသည်. Poliana ကလဲ သူ့လိုပဲဖြစ်သည်. သူမဘဝအတွက် ဘာရည်မှန်းချက်မှ မရှိတဲ့အချိန်တုန်းကတောင် သူမက အလုပ်ကြိုးစားခဲ့သူဖြစ်သည်. တကယ်လို့ တစ်ယောက်ယောက်က ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ရှိကာ ဒီရည်မှန်းချက်အောင်မြင်အောင် ကြိုးစားအားထုတ်နေတယ်ဆိုရင်တော့ သူမအနေနဲ့ ဒီလူကို အခွင့်အရေးတစ်ခုပေးလိုက်တာက ဖြစ်သင့်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now