အခန်း ၂၄၃

40 4 0
                                    

"အရှင်, သူက တာဝန်ရပ်ဆိုင်းထားခံရတယ်"

"ဘာ?"

"သူ့ဇနီးက အဖမ်းခံလိုက်ရတဲ့အထက်တန်းလွှာမိသားစုတစ်ခုက ဖြစ်နေတာ. အဲ့တာနဲ့ သူက သူ့ဘာသာ တာဝန်ကနေ ရပ်ဆိုင်းပြီးတော့ အနားယူလိုက်တာ"

Lucius က စိတ်ရှုပ်သွားကာ သူ့နဖူးကို ပွတ်လိုက်သည်. ဒါက သူ့အနေနဲ့ မြွေဖမ်းပွဲကို မလုပ်ချင်ရတဲ့အဓိကအကြောင်းအရင်း ဖြစ်နိုင်သည်.

Acreia က ကြီးမားပေမဲ့ လူဦးရေက နည်းပါးသည်. ဒါ့ကြောင့် အထက်တန်းလွှာလူဦးရေက ပိုနည်းပါးသည်ဟု အဓိပ္ပါယ်ရသည်. နောက်ပြီးတော့ အကုန်လုံးမဟုတ်ရင်တောင် Acreian စစ်သည်အများစုက Acreian အထက်တန်းလွှာတွေနဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပတ်သက်နေကြတာ ဖြစ်သည်. ဒါကလဲ Acreian အထက်တန်းလွှာအများစုက တခြား Acreian အထက်တန်းလွှာတွေကိုသာ လက်ထပ်ကြလို့ဖြစ်သည်. လူတိုင်းက တခြားလူတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်ဆက်နွယ်နေကြသည်.

ဧကရာဇ်က အမိန့်ပေးလိုက်သည်.

"ငါ ဒုခေါင်းဆောင်ရဲ့သစ္စာရှိမှုကို သံသယမဖြစ်ဘူး. သူ့ကို လာခိုင်းလိုက်ရေ"

"ဟုတ်ကဲ့ပါ အရှင်"

အစောင့်ထွက်သွားတော့ Lucius က သူ့စားပွဲခုံကို သူ့လက်ချောင်းတွေနဲ့ ခေါက်နေလိုက်သည်.

"ကိစ္စတွေကတော့ စိတ်ဝင်စားစရာကောင်းလာနေပြီ..."

သူ့အတွက် ဝမ်းနည်းစရာဖြစ်ခဲ့ပြီးတော့ ကိစ္စတွေက စိတ်ဝင်စားစရာမရှိခဲ့ပေ...

"ဘယ်သူလုပ်တာလဲဆိုတာကို သိချင်သား.."

အကြီးအကဲတွေ လုပ်တာလား? အကြီးအကဲတွေရဲ့ခေါင်းဆောင် Marquis Seeze က မောင်းမဆောင်ကို ခြယ်လှယ်ဖို့အတွက် Lady Tory ကို အသုံးချခဲ့တာတော့ အမှန်ပဲဖြစ်သည်. တခြားသူတွေလဲ ခြယ်လှယ်ဖို့ ကြိုးစားခဲ့ကြတာရှိပေမဲ့ ဘယ်သူကမှ ဒီလောက်အတင့်မရဲခဲ့ကြပေ.

တောင်ပိုင်းဒေသကများ သူ့ဇနီးတွေကို အဆိပ်ခတ်တာလား?

တောင်ပိုင်းဒေသက Rebecca သေဆုံးမှုကြောင့် ပူဆွေးဝမ်းနည်းနေဆဲဖြစ်တာကြောင့် တကယ်လို့ သူတို့သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီလိုခက်ခဲရှုပ်ထွေးတဲ့အလုပ်မျိုးကို အောင်မြင်အောင် လုပ်နိုင်တဲ့အတွက် Lucius က သူတို့ကို အထင်ကြီးမိသွားမှာဖြစ်သည်. ဒါပေမဲ့ သူဘယ်လောက်ပဲစဉ်းစားစဉ်းစား ဒီဟာက တောင်ပိုင်းဒေသကလုပ်တာလို့တော့ ဧကရာဇ်က မထင်မိပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now