အခန်း ၃၁၇

51 5 0
                                    

Yapa က အထက်တန်းလွှာတွေက သူတို့ကလေးတွေလက်ထပ်နိုင်ဖို့ထက် ဧကရာဇ်ရဲ့လက်ထပ်ပွဲအတွက် ပိုပြီးတော့ စိတ်ပူနေကြသည်. Lucius က သူ့လက်ထပ်ပွဲအတွက် သူ့ဘာသာဆုံးဖြတ်မယ်ဆိုတဲ့ စကားပြောခဲ့တာတောင် သူတို့က မယုံကြည်ကြပေ.

ဧကရာဇ်က ထပ်ပြီးလက်ထပ်ဖို့အတွက် တုန့်ဆိုင်းနေတာက နားလည်ပေးလို့ရသည်. သူက သူ့ဇနီးသုံးယောက်လုံးကို ဝမ်းနည်းဖွယ်ရာ လက်လွှတ်ဆုံးရှုံးခဲ့သည်. တစ်ယောက်က သူ့သမီးကို မွေးရင်း သေဆုံးသွားပြီး တစ်ယောက်ကတော့ သူ့ကို ကွာရှင်းခဲ့ကာ နောက်တစ်ယောက်ကလဲ သူ့နားကနေ ထွက်သွားတာကြောင့် သူတို့ရဲ့လက်ထပ်မှုက ပျက်ပြယ်သွားခဲ့သည်. လက်ထပ်ထိမ်းမြှားခြင်းနဲ့ပတ်သက်ပြီး Lucius က တကယ့်ကို ကံမကောင်းတဲ့သူဖြစ်ရမည်. သူ့အနေနဲ့ ထပ်ပြီး လက်မထပ်ချင်တော့တာက အံ့ဩစရာတော့မဟုတ်ပေ.

ဒါဆို.. ဘာလို့ ရုတ်တရက်ကြီး အရှင်နဲ့ Marquess Winter ကြားမှာ စိတ်ကူးယဉ်ဆန်တဲ့ဆက်ဆံရေးမျိုး ကောလဟာလထွက်လာရတာလဲ?

ဒါက နိုင်ငံရေးအကွက် ရွေ့တာဖြစ်နိုင်ကြောင်း အထက်တန်းလွှာတွေက ယုံကြည်ခဲ့သည်. အရှင်က Marquess Poliana Winter ရဲ့ အာဏာကိုပါ စုစည်းကာ သူ့ရဲ့အာဏာကို ခိုင်ခန့်အောင်လုပ်နေတာလို့ ထင်ခဲ့ကြသည်. သူတို့အတွက်တော့ ဒီလိုပဲဖြစ်ရမည်.

ဧကရာဇ်ရဲ့ ဝမ်းနည်းတဲ့အမူအရာကို မမြင်တွေ့ခဲ့ကြတဲ့အထက်တန်းလွှာတွေကတော့ ဒီသဘောတရားကို လက်ခံခဲ့ပြီး ဧကရာဇ်ရဲ့ ဝမ်းနည်းတဲ့အမူအရာကို မြင်တွေ့ခဲ့ရသူတွေကတော့ Poliana နဲ့ ပတ်သက်တဲ့ ကောလဟာလက အမှန်ဖြစ်မယ်လို့ ယုံကြည်လိုက်ကြသည်. ဧကရာဇ်ရဲ့မျက်နှာပေါ်မှာ သိသာစွာထင်ဟပ်နေတဲ့ ခံစားချက်အစစ်အမှန်တွေကို မြင်ခဲ့ရတာကြောင့် သူတို့အနေနဲ့ ဒီသတင်းကို ယုံကြည်ဖို့ကလွဲပြီး ရွေးစရာမရှိပေ. ဒီလူတွေက ဧကရာဇ်အနေနဲ့ Marquess Winter ကို အမှန်တကယ်ချစ်မြတ်နိုးနေတာဖြစ်ကြောင်း ပြောလိုက်တော့ တခြားသူတွေက သူတို့ကို လှောင်ပြောင်လာကြသည်.

Duke Luzo နဲ့ Marquis Zeese တို့က အမှန်တရားဘက်က ရပ်တည်လာတော့ ကိစ္စတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းလာသည်. ဒီအထက်တန်းလွှာအမျိုးသားနှစ်ယောက်က ကောလဟာလတွေက အမှန်ဖြစ်ကြောင်း ပြောလာပေမဲ့ သူတို့ပြောဆိုချက်ကို နိုင်ငံရေးလှုပ်ရှားတစ်ခုအဖြစ် မြင်လာကြသည်. ဧကရာဇ်နဲ့ Poliana တို့ရဲ့ ပေါင်းစည်းမှုက နိုင်ငံရေးအကွက် ရွေ့တာဖြစ်ရမယ်လို့ အထက်တန်းလွှာအများစုက ယုံကြည်လာကြသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now