အခန်း ၃၀၆

45 6 0
                                    

Sir Donau က Sitrin ရဲ့နာမည်ကျော်ရေပူစမ်းမှာ သက်တောင့်သက်သာ အနားယူလိုက်သည်. Poliana ရဲ့ အပြုအမူအရ, သူ့အစ်မအကူအညီတောင်းမဲ့ကိစ္စက ဖြေရှင်းပြီးသားဖြစ်လောက်သည်. သူက ဒီကိုရောက်ဖို့အတွက် မရပ်မနားပဲ ခရီးထွက်လာရတာကြောင့် Donau က ပင်ပန်းနေခဲ့သည်. ရေပူစမ်းမှာ ရေချိုးရတာက ပင်ပန်းနွမ်းနယ်မှုတွေအတွက် ကောင်းမွန်သည်. တောင်ပိုင်းဒေသက အပူလွန်ကဲတာကြောင့် သူက ရေအေးနဲ့သာ ဆေးကြောခဲ့ရပြီး အခု ရေနွေးနဲ့ရေချိုးလိုက်ရတာက အရမ်းနေလို့ကောင်းသွားသည်.

ရေချိုးပြီးသွားတော့ သူ့ကို စားသောက်ပွဲကြီးနဲ့ ဧည့်ခံလာသည်. ဒီလိုကောင်းမွန်စွာနဲ့ တည်ခင်းဧည့်ခံတာကြောင့် Sir Donau က ကျေးဇူးတင်နေပေမဲ့ သူမစဉ်းစားကြည့်ပဲနဲ့တော့ မနေနိုင်ပေ

'သူမက ဘာအတွက် အကူအညီလိုနေခဲ့တာလဲ? လတ်တလောမှာ တစ်ခုခုဖြစ်ထားတဲ့ပုံစံမျိုးလဲမဟုတ်ဘူး..'

Poliana က အပိုချဲ့ကားပြီးလုပ်ဆောင်တတ်တဲ့သူမျိုးမဟုတ်ပေ. တကယ်လို့ သူမက အကူအညီတောင်းတဲ့စာပို့လာရင် သူမက တကယ်အကူအညီလိုအပ်နေလို့ဖြစ်သည်. စာက အရေးကြီးတဲ့အရိပ်အရောင် ဖြစ်နေတာကြောင့် Donau က သူ့အိမ်ကနေ ချက်ချင်းထွက်ခွာဖို့ ပြင်ဆင်ခဲ့သည်.

ဒါပေမဲ့ သူထွက်မလာခင်မှာပဲ Vanessa က အဖျားဝင်လာခဲ့သည်. ကူးစက်ရောဂါဖြစ်နိုင်တာကြောင့် Sir Donau က အိမ်မှာနေခဲ့လိုက်ရသည်. ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ Vanessa က နေကောင်းလာပြီး ကူးစက်ရောဂါမဟုတ်ကြောင်း သမားတော်က ပြောလာခဲ့သည်.

Poliana ကို သိုက်တူးသမားလက်ကနေ ကယ်ဖို့ Yapa ကို သွားခဲ့တုန်းကလိုပဲ Sir Donau က တတ်နိုင်သလောက် မရပ်မနားခရီးနှင်ခဲ့ပေမဲ့ Sitrin ကို သူရောက်လာတော့, ဒီနေရာက တည်ငြိမ်အေးချမ်းနေသည်. ရဲတိုက်မှာ အလုပ်လုပ်နေကြတဲ့လူတွေကလဲ သက်တောင့်သက်သာဖြစ်နေကြသည်. အကူအညီတောင်းခဲ့တဲ့ Poliana ကိုယ်တိုင်တောင်မှပဲ အဆင်ပြေနေပုံရသည်.

'ဘာတွေဖြစ်ခဲ့တာလဲ?'

Sir Donau က ထမင်းစားခန်းမှာ တစ်ယောက်တည်း စားလိုက်ရသည်. Poliana က သူနဲ့အတူစားလာမယ် ဒါမှမဟုတ် အနည်းဆုံးတော့ သူမစားပြီးရင်တောင်မှ သူမက အခန်းထဲမှာ ရှိနေမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့အရိပ်အရောင်ကို မတွေ့ရပေ... သူထမင်းစားပြီးရင် သူမက သူနဲ့အတူ အရက်သောက်လိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ သူစားပြီးသည့်တိုင်အောင် Poliana က ပေါ်မလာခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now