အခန်း ၂၈၈

43 4 0
                                    

Poliana က Sitrin ရဲတိုက်ကို ရောက်တဲ့နေ့တည်းကစပြီး အလုပ်များနေတာကြောင့် သူမရဲ့စစ်သည်တွေက သက်တောင့်သက်သာနဲ့ အနားယူခွင့်ရလိုက်ကြသည်. Sitrin မှာ ပျော်သလောက် နေချင်နေသေးတဲ့ စစ်သည်က စိတ်ပျက်သွားဟန်နဲ့ သူမကို ကြည့်လိုက်တော့ သူမက လက်ရမ်းပြလိုက်သည်. အံ့အားသင့်လောက်အောင် ကောင်းမွန်တဲ့ ရေပူစမ်းတွေကို နှုတ်ဆက်စကား ပြောရတော့မှာဖြစ်တာကြောင့် ဝမ်းနည်းနေပုံရတဲ့ စစ်သည်က ဦးညွှတ်ကာ အခန်းထဲကနေထွက်သွားသည်.

အခန်းတံခါးကို စိုက်ကြည့်နေရင်း Poliana က သူမကိုယ်သူမ ထပ်ပြောလိုက်သည်.

'ငါပြန်သွားရင် Sir Deke ကိုပြောပြီး သူ့ကို သတင်းအချက်အလက်အဖွဲ့ကနေ ထုတ်ခိုင်းရမယ်'

ရက်အနည်းငယ်ကြာပြီးတဲ့နောက်တော့ Poliana နဲ့အတူလိုက်လာတဲ့ စစ်သည်တွေက Poliana ကို ထားခဲ့ကာ Yapa ကို ပြန်သွားကြသည်. Poliana က သူမကိုယ်တိုင်ချက်ထားတဲ့ ခွေးစာကို တစ်နေ့သုံးကြိမ်စားရင်း အလုပ်တွေကို ကြိုးကြိုးစားစားဆက်လုပ်နေသည်. သူချက်တဲ့အစားအသောက်တွေကို ပျော်ရွှင်စွာနဲ့ စားသုံးခဲ့တဲ့စစ်သည်တွေက Yapa ကို ပြန်သွားကာ သူမကိုယ်တိုင် ချက်ထားတဲ့ စားချင်စရာမရှိတဲ့ အစားအသောက်ကိုသာ ခေါင်းမာစွာနဲ့ စားသုံးနေတဲ့ Poliana သာ ကျန်ခဲ့တာကြောင့် ရဲတိုက်စားဖိုမှူးက စိတ်ပျက်နေသည်.

ဒီခွေးစာတွေ ကုန်သွားတာနဲ့ Poliana က တခြားဟင်းလျာတွေကို စားလာနိုင်တယ်လို့ စားဖိုမှူးက တွေးလိုက်သည်. သူက ဟင်းအိုးထဲနေ ဟင်းတွေခိုးကာ ရဲတိုက်အပြင်မှာနေတဲ့ ခွေးလေခွေးလွှင့်တွေကို ကျွေးလိုက်သည်.

စားဖိုမှူးကလွဲပြီးတော့ Sitrin ရဲတိုက်မှာရှိတဲ့ လူတိုင်းက ‌Marquess ရှိနေတဲ့အတွက် ပျော်နေကြသည်. ပိုင်ရှင်မရှိတဲ့ ရဲတိုက်က လူမရှိသလို ခံစားနေရသည်. ပိုင်ရှင်ရှိနေသရွေ့ ဒါမှမဟုတ် ဒီနေရာရဲ့ သခင်မက အရမ်းမရက်စက်သရွေ့ သူ/သူမ ရှိနေတာက ပိုကောင်းသည်.

တစ်ရက်မှာတော့ Poliana က သူမရဲ့ အလုပ်အများစုကို အပြီးသတ်လိုက်နိုင်သည်. ဒီနေ့က ကိစ္စတွေကို ပြောပြရမဲ့နေ့ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်. သူမက အိမ်တော်ထိန်း, အကူခေါင်းဆောင်နဲ့ အလုပ်သမားခေါင်းဆောင်တွေကို သူမအခန်းထဲခေါ်လိုက်သည်. လက်မထပ်ရသေးတဲ့အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိနေတာ ရှက်စရာကိစ္စဖြစ်ပေမဲ့ သူမက နောင်တရနေကာ အပြစ်ရှိတဲ့ပုံစံမျိုး ပြမိခဲ့ရင် လူတွေက ဒီအချက်ကို သုံးကာ သူမကို ပြောဆိုလာနိုင်သည်. ယုံကြည်မှုအပြည့်ရှိတဲ့ မျက်နှာထားနဲ့ Poliana က ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Tempat cerita menjadi hidup. Temukan sekarang