အခန်း ၂၃၄

35 4 0
                                    

တစ်ယောက်ယောက်ကတော့ ရယ်လိုက်တာဖြစ်ပေမဲ့ အဲ့တာက ဘယ်သူလဲဆိုတာကိုတော့ ဆုံးဖြတ်ဖို့ ခဲယဉ်းနေသည်. နောက်ထပ်ရယ်သံတွေကလဲ အခန်းထဲမှာ ထွက်ပေါ်လာသည်. ရယ်သံတွေ... ဒီရယ်သံတွေက တိုက်ပွဲနယ်မြေမှာ ကြားရမဲ့အရာတွေမဟုတ်ပေ. ဒါက မဟုတ်သေးဘူး

ရုတ်တရက် လူတွေက အော်ဟစ်လာသည်.

"Lady Tory က ရေခဲဝိုင်အနံ့ကြောင့် မူးသွားတာဖြစ်မယ်"

"ဒါမှမဟုတ် သူမက သောက်ကြည့်ပြီးသွားပြီလား? ကြည့်ရတာ Lady Tory က ဒီနေ့ည ပိုမူးသွားတယ်ထင်တယ်?"

"သူမရဲ့အကူတွေကို ဆူရမှာ. သူတို့က သူတို့သခင်မကို ကောင်းကောင်းဂရုမစိုက်ကြဘူး. သူတို့သခင်မကို ဘာလို့ ဒီလိုမူးတဲ့အထိ ဖြစ်စေရတာလဲ? ဒါ လက်ခံလို့မရဘူး"

သူတို့အကြောင်းပြောလာတာကြောင့် အကူတွေက စတင်လှုပ်ရှားလာသည်. Cekel က ဒီအတိုင်းပဲကျန်ရှိနေပေမဲ့ တခြားအကူတွေက အခုထိ တုန်ယင်နေဆဲဖြစ်တဲ့ Tory ကို ဝိုင်းထားလိုက်ကြသည်. Tory က ကြောက်လန့်တုန်လှုပ်နေပြီး သူမက အကူတွေရဲ့လက်ထဲမှာ ထပ်ပြီးတော့ ကူရာမဲ့သွားမှာကို ကြောက်နေခဲ့သည်.

အခုထိ ငြိမ်နေခဲ့တဲ့ Lucius က အကူတွေကို Lady Tory နားကနေထွက်သွားဖို့ အချက်ပြလိုက်သည်. သူက အမိန့်ပေးလိုက်သည်.

"ငါ့ဇနီးဆီကနေ ထပ်ကြားချင်သေးတယ်. သူမကို ဒီအတိုင်းထားလိုက်"

အကူတွေက တုန့်ဆိုင်းသွားကာ နောက်ဆုတ်သွားသည်. တုန်လှုပ်နေတဲ့ Lady Tory က သူမကိုယ်သူမ စားပွဲခုံကို အားပြုကာ မှီလိုက်သည်. Tory ကို စောင့်ကြည့်နေတဲ့ Marquis Seeze ကလဲ တည်ငြိမ်နေပုံရသည်. Marquis Seeze က ဧကရာဇ်ကို ပြောလိုက်သည်.

"အရှင် ကျွန်တော့်မြေးမကိုကြည့်ရတာ မူးနေပုံရတယ် သူမက အမူးလွန်ပြီး အိပ်မက်မက်နေပုံပဲ. သူမရဲ့ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်"

"မဟုတ်တာ. မင်းမှားနေပြီလို့ ငါထင်တယ်, Marquis. ငါ့ဇနီးက လုံးဝမမူးသေးဘူး. ပြီးတော့ သူမ မူးနေရင်တောင်မှ ငါ သူမပြောတာတွေ နားထောင်ချင်တယ်. သူမ ပြောမဲ့အရာတွေက စိတ်ဝင်စားစရာပဲ. မင်းရော မသိချင်ဘူးလား Marquis Seeze? ငါ့ဇနီးက မင်းနဲ့ပတ်သက်ပြီးတော့ ဘာပြောမလဲဆိုတာကို မသိချင်ဘူးလား?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now