အခန်း ၂၁၆

37 2 0
                                    

ဧကရာဇ်က ဆက်ပြောလာသည်.

"ဒါပေမဲ့ ထူးဆန်းမနေဘူးလား?! ငါပြောချင်တာက, ငါ့ Pol က အထက်တန်းလွှာအစစ်တောင်မဟုတ်တော့တဲ့ ရုပ်ဆိုးဆိုးလူတစ်ယောက်ကို ဘာလို့ လက်ထပ်ရမှာလဲ?! ဘာလို့လဲ? ပြီးတော့ သူက သိုက်တူးသမားတစ်ယောက်လေ. သူ့ကိုယ်သူ အဲ့လိုလူလို့ ပြောခဲ့တာမလား! ပြီးတော့ သူက ရုပ်ချောတဲ့ သိုက်တူးသမားတောင်မဟုတ်ဘူး, သူက ရုပ်ဆိုးတဲ့လူ! ငါ သူ့ကိုလက်မခံနိုင်ဘူး, ငါလက်မခံဘူး!"

အသက်ပြင်းပြင်းရှူနေရင်းက Lucius က ထပ်ပြောလိုက်သည်.

"သူက Pol ရဲ့ စည်းစိမ်တွေကို ခိုးယူဖို့ ကြိုးစားနေတာသေချာတယ်! သူက အဲ့တာတွေ အကုန်လုံး ဖြုန်းတီးပစ်မှာ! သူက ငါ့ရဲ့အပြစ်ကင်းပြီး ရိုးအတဲ့ Pol ကို အသုံးချဖို့ ကြိုးစားနေတာ!"

Sir Ainno က တည်ငြိမ်စွာနဲ့ ပြန်ဖြေလာသည်.

"အရှင်, Marquess Winter ရဲ့ စည်းစိမ်ချမ်းသာတွေက အကုန်သုံးပစ်ရင်တောင် ကုန်မှာမဟုတ်ဘူး. အဲ့ဆုတွေ သူမကို ချီးမြှင့်ခဲ့တာ အရှင်ကိုယ်တိုင်ပဲဆိုတော့ အရှင်က အားလုံးထက်ပိုသိမှာပါ. ပြီးတော့ သူမက "အပြစ်ကင်း" ပြီး "ရိုးအတယ်" ဆိုတာက. အရှင်, Sir Poliana က ဘယ်တုန်းက အပြစ်ကင်းပြီး ရိုးအဖူးလို့လဲ? သူမပါးစပ်က ဘယ်လောက်ကြမ်းတမ်းလဲ ဆိုတာ အရှင်လဲ သိရဲ့သားနဲ့. သူမ ယောက်ျားလေးတွေနဲ့ စကားပြောတာ အရှင်ကြားဖူးတယ်မလား?"

အချစ်ဆိုတာက ရယ်စရာကောင်းတဲ့ အရာတစ်ခုဖြစ်တယ်.

Poliana ကို "စုန်းမ"လို့ခေါ်ရတဲ့ အကြောင်းပြချက်ကောင်းတွေ အများကြီး ရှိနေတာတောင်မှ သူမကို ချစ်မိနေတဲ့ ဧကရာဇ်ကတော့ သူမကို အပြစ်ကင်းတယ်လို့ ပြောနေသည်. အရင်တုန်းက Sir Ainno အနေနဲ့ ဧကရာဇ်က ဘာလို့ ဒီလိုခံစားရတယ်ဆိုတာကို မသိခဲ့ပေမဲ့ အခု သူကိုယ်တိုင်ချစ်မိသွားတဲ့အခါမှာတော့ Sir Ainno က Lucius ရဲ့ ခံစားချက်တွေကို စာနာသွားနိုင်သည်.

ဧကရာဇ်က ဒေါသတကြီး ဆက်ပြောနေသည်.

"ဘာလို့ သူနဲ့လဲ? ဒီလောက်ကြည့်ကောင်းတဲ့ အထက်တန်းလွှာအမျိုးသားတွေအများကြီး ရှိနေတဲ့ထဲကမှ သူမက ဘာလို့ အဲ့ရုပ်ဆိုးဆိုးကောင်ကို ရွေးရတာလဲ? သူမကို ခြိမ်းခြောက်ထားလို့လား? သူမအားနည်းချက်တစ်ခုခုများ သိသွားတာလား? မဟုတ်ဘူး, ဒါမဖြစ်နိုင်ဘူး! ငါ့ Pol က လုံးဝပြီးပြည့်စုံအောင်တော်နေတာ ဘယ်လိုလူမျိုးကိုမှ သူမကို အနိုင်ကျင့်ခွင့်ပြုမှာ မဟုတ်ဘူး! ခဏလေး, သူမက ယောက်ျားတွေအကြောင်း သေချာမသိလို့လား? သူမမှာ ယောက်ျားကောင်းတွေနဲ့ပတ်သက်ပြီး ဘာအတွေ့အကြုံမှ မရှိဘူးဆိုတော့ ဒါဖြစ်နိုင်တယ်! အို.. ဟုတ်တယ် ဒါ့ကြောင့်ပဲ ဖြစ်ရမယ်!"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now