အခန်း ၃၀၇

40 5 0
                                    

Poliana ကမေးလိုက်သည်.

"ဒါဆို နင်လဲ ငါ လက်ထပ်ရမယ်လို့ ထင်တယ်ပေါ့, ဟမ်?"

"ဒါပေါ့ တခြားရွေးစရာရှိသေးလို့လား? ဒီဟာကို ပြောင်းလို့ရအောင်တော့ ကျွန်တော်လုပ်နိုင်မှာမဟုတ်ဘူး. ကလေးက ဧကရာဇ်နဲ့ တူနေတဲ့ဟာ မင်းသားလေးကို တရားမဝင်သားအဖြစ် ထားလို့မရဘူးလေ"

"အေး ငါလဲ ထင်ပါတယ်. တခြားနည်းလမ်းမရှိတော့ဘူးလို့ ငါလဲထင်ပါတယ်"

Poliana က ခါးသီးစွာနဲ့ ရေရွတ်နေသည်.

မင်းသားရဲ့ဘဝက သူမရဲ့ဘဝထက် အများကြီး ပိုအရေးပါတာကြောင့် သူမကိုယ်သူမ စတေးဖို့ လိုနေတာက အဓိပ္ပါယ်ရှိသည်. တကယ်လို့ ဒီကလေးက မိန်းကလေးဆိုရင်ရော, သူမ ဆီမှာ နောက်ထပ်ရွေးချယ်စရာ ရှိနိုင်လောက်မလား?

'တကယ်လို့'ဆိုတာကို မစဉ်းစားတော့ဖို့ Poliana ဆုံးဖြတ်လိုက်သည်. ကျန်းမာတဲ့သားတစ်ယောက်မွေးလာတာကို သူမအနေနဲ့ ကျေးဇူးတင်နေသင့်သည်. ဒါက အမျိုးသမီးတိုင်းရဲ့ အိပ်မက် မဟုတ်ပေဘူးလား?

Lady Rebecca က ကလေးမွေးရင်း အသက်ဆုံးသွားခဲ့ပေမဲ့ လူတွေက သူမကို "မိန်းကလေးပဲ" မွေးလိုက်တဲ့အတွက် စိတ်ပျက်နေကြသေးသည်. Poliana ကတော့ အသက်ရှင်သန်ခဲ့ပြီး ကျန်းမာတဲ့ သားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်. ဧကရာဇ်ဆီက အချစ်ဖွင့်ဟဝန်ခံချက်အပြင် ဧကရီရာထူးကိုပေးအပ်မယ်ဆိုတဲ့ ကတိကိုတောင် ရလိုက်သေးသည်.

'ငါက ကျေးဇူးတင်လိုက်သင့်တယ်ဆိုတာသိတယ်.. ငါက ဘယ်လောက်တောင် ကံကောင်းတဲ့အမျိုးသမီးလဲ'

တော်ဝင်မိသားစုဝင်ဖြစ်ရမှာကို ကြောက်နေတာက မသင့်တော်ဘူးဆိုတာ သိပေမဲ့ သူမ အတွေးတွေကို ထုတ်ပြောလို့မရတာကြောင့် သူမက အသံတစ်စက်လေးမှ မထွက်ခဲ့ပေ. သူမက ဆိုးသွမ်းနေတယ်လို့ လူတွေကထင်လာနိုင်ပေမဲ့ Poliana ကတော့ ဒီလိုမခံစားရပဲ မနေနိုင်ပေ.

'ခွေးစာလေး', မဟုတ်သေးဘူး Gerald ကို နို့တိုက်ရမဲ့အချိန်ရောက်လာသည်. Poliana က သူမမွေးစားမောင်နဲ့ စကားပြောရင်း သူမတာဝန်ကို အမြန်ထမ်းဆောင်လိုက်သည်. Poliana ကသာ စကားအများဆုံးပြောနေတာဖြစ်ပြီး Donau ကတော့ နားပဲထောင်နေရသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now