အခန်း ၂၈၁

42 3 0
                                    

ဟုတ်တယ်! အဲ့လိုဖြစ်ရမယ်!

Poliana က ကျေနပ်စွာနဲ့ ပြုံးလိုက်သည်.

'ငါ ဒါကို ဘာလို့ မစဉ်းစားမိတာပါလိမ့်?'

ဝမ်းဆွဲသည်အလုပ်က တရားဝင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းမဟုတ်ပေ. သူတို့က တခြားသူတွေထက် ဆေးပညာဗဟုသုတပိုရှိတာမှန်ပေမဲ့ ဒီအမျိုးသမီးတွေက သမားတော်စစ်စစ်တွေ မဟုတ်ကြပေ. ပြီးတော့ မနေ့က Poliana တွေ့ခဲ့ရတဲ့ ဝမ်းဆွဲသည်ရဲ့ ဆက်ဆံရေးက ဆိုးရွားသည်. သူမကိုကြည့်ရတာ ဆိုးရွားတဲ့သူမျိုးဖြစ်နေတာကြောင့် သူမရဲ့ဝမ်းဆွဲသည်အလုပ်ကလဲ ကောင်းမဲ့ပုံမရပေ.

Poliana ရဲ့ ခံစားချက်တွေက ပိုကောင်းသွားသည်. သူမက ရက်တွေကို တွက်ကြည့်လိုက်ပြီး လက်ရှိအချိန်ကွာဟချက်အရ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာက ပြောရခက်တဲ့အခြေအနေ ဖြစ်သည်. ဝမ်းဆွဲသည်က မှားပြောနိုင်ချေအများကြီးရှိသည်.

Poliana မနေ့ကနဲ့ မတူတဲ့ ဂါဝန်ဝတ်ကာ လက်ကိုင်ပုဝါစီးပြီးတော့ အပြင်ထွက်ရန် ပြင်လိုက်သည်. သူမရဲ့အိမ်တော်ထိန်းက စကားတစ်ခွန်းမှ မဆိုပဲ သူမအပြင်ထွက်ဖို့ ကူညီပြင်ဆင်ပေးကာ တံခါးဖွင့်ပေးလိုက်သည်. အပြစ်ရှိသလိုခံစားမိတာကြောင့် Poliana က ထုတ်ပြောစရာ မလိုအပ်တဲ့ဆင်ခြေတစ်ခုကို ပေးလိုက်သည်.

"ငါ တတိယတပ်ဖွဲ့အလုပ်လုပ်တာကို လျှို့ဝှက်စစ်ဆေးမလို့"

အိမ်တော်ထိန်းက သူ့သခင်မရဲ့စကားကို သံသယမဖြစ်ပဲ အဲ့အစား သူက တတိယတပ်ဖွဲ့အတွက် စိတ်မကောင်းဖြစ်မိသွားသည်

***Poliana က လမ်းမပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ သက်ပြင်းချမိနေသည်.

'ငါ တခြားဝမ်းဆွဲသည်တစ်ယောက်ဆီသွားပြီးတော့ သူမ ဘာပြောမလဲ နားထောင်ကြည့်ရအောင်'

ဒီနေ့တော့ Poliana က သူမမြင်းကိုစီးကာ မြို့လယ်ဆီသွားလိုက်သည်. တိကျတဲ့ရလဒ်ကို သိချင်ရင်တော့ တော်ဝင်သားဖွားမီးယပ်သမားတော်ဆီမှာ စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်မှာ ဖြစ်ပေမဲ့ တကယ်လို့ သူမက အဲ့လိုလုပ်ခဲ့ရင် လူတိုင်းက ဒီအကြောင်းကို သိသွားနိုင်သည်. သူမရဲ့လျှို့ဝှက်ချက်ကို ထိန်းထားနိုင်ဖို့အတွက် Poliana က ရွာတစ်ရွာမှာရှိတဲ့ ဝမ်းဆွဲသည်ဆီကိုသာ သွားလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now