အခန်း ၂၉၉

52 4 0
                                    

"ကျွန်မ ခုနကပြောခဲ့သလိုပဲ အရှင်. ကျွန်မရဲ့အာဏာကို ဆက်ထိန်းထားချင်တယ်. တကယ်လို့ ကျွန်မဘာသာ မင်းသားလေးကို ပြုစုပျိုးထောင်မယ်ဆိုရင် ကျွန်မ ဆုံးရှုံးသွားမဲ့အရာတွေ အများကြီးပဲ. ကျွန်မက ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ?"

"မင်း ငါ့ကို လက်ထပ်လို့ရတယ်လေ!"

Poliana က Frau နဲ့ လက်ထပ်ဖို့ စီစဉ်နေတုန်းက သူမလိုချင်တဲ့အရာတွေကို Lucius က သတိပေးလိုက်သည်. မိသားစုတစ်ခုကနေ သူမလိုချင်သမျှအရာအားလုံးကို ဧကရာဇ်က ဖြည့်ဆည်းပေးနိုင်မယ်ဆိုတာကို သိနေသည်.

"Pol, မင်းက မင်းရဲ့လက်တွဲဖော်ဆီကနေ လေးစားမှုကို လိုချင်တယ်လို့ ပြောခဲ့တယ်! အချစ်က မလိုအပ်ဘူးလို့ ပြောခဲ့တယ်. ငါတို့ အဲ့လိုလုပ်လို့ရသားပဲ! ငါ မင်းကို ချစ်တာက ငါတို့နှစ်ယောက်လုံးအတွက် လုံလောက်ပြီးသားဆိုတော့ မင်းငါ့ကို မချစ်လဲရတယ်. မင်းငါ့ကို လေးစားနေသရွေ့ မင်းစိတ်ကူးပုံဖော်ထားတဲ့ နွေးထွေးတဲ့မိသားစုတစ်ခုကို ငါတို့အတူ ဖန်တီးလို့ရတယ်! ငါက မင်းကို ကိုယ်လုပ်တော်တစ်ယောက်အဖြစ်မဟုတ်သလို ဇနီးတစ်ယောက်အဖြစ်နဲ့ လက်ထပ်ယူမှာ မဟုတ်ဘူး. ငါက မင်းကို ငါ့ရဲ့ဧကရီဖြစ်စေချင်တာ. အဲ့တာက မင်းက ငါ့အတွက် သားတစ်ယောက်မွေးပေးခဲ့လို့ မဟုတ်ဘူး! မင်းကလေးမရနိုင်ဘူးလို့ ငါသိခဲ့ရတုန်းကတောင် ငါမင်းကို လက်ထပ်ခွင့်တောင်းပြီးတော့ ဒီတိုင်းပြည်ရဲ့ဧကရီဖြစ်အောင်လုပ်ဖို့ စီစဉ်ခဲ့တာ. မင်းက ငါ့ကို အမွေဆက်ခံသူ မမွေးပေးနိုင်လဲ ကိစ္စမရှိဘူး!"

တကယ်လို့ သူသာ ဆန္ဒရှိရင်, ဧကရာဇ်က သူ့ရဲ့မောင်းမဆောင်ကို ရာထောင်ချီတဲ့ အလှအပတွေနဲ့ ဖြည့်တင်းလိုက်လို့ရသည်. ဒါပေမဲ့ သူက ဒီအမျိုးသမီးကို သူ့ရဲ့ တစ်ဦးတည်းသောဇနီးအဖြစ် လက်ခံပေးဖို့ တောင်းပန်နေသည်. သူမက ဘယ်တော့မှ သူ့ကလေးတွေကို မမွေးဖွားပေးနိုင်ရင်လဲ အဆင်ပြေသည်. သူမက ဧကရီတစ်ပါးရဲ့တာဝန်တွေကို မထမ်းဆောင်နိုင်လဲ အဆင်ပြေသည်.

Lucius က ဆက်ပြောလိုက်သည်.

"အဲ့လောက်အထိ ငါ မင်းကို ချစ်နေတာ.. ငါ မင်းကို တန်ဖိုးထားတာ. မင်းရဲ့ပျော်ရွှင်မှုအတွက် မင်းကို လက်လျော့လိုက်ဖို့ ငါကြိုးစားခဲ့ပေမဲ့ အဲ့တာက အဆင်မပြေဘူး. မင်းက ငါ့ရဲ့တစ်ဦးတည်းသော ဇနီးဖြစ်လာမယ်ဆိုတာ ဒီတိုင်းပြည်ကို သက်သေထားပြီးတော့ ငါကျိန်ဆိုနိုင်တယ်"

Emperor and the Knightness (Zawgyi) Book - 2Dove le storie prendono vita. Scoprilo ora