အခန်း ၃၃၈

27 5 0
                                    

Poliana အနေနဲ့ ပန်းအများစုရဲ့နာမည်ကို သိနေရတာက သူမက ပထဝီပိုင်းနဲ့ ဘူမိဗေဒအပိုင်းကို စိတ်ဝင်စားလို့ဖြစ်သည်. မတူညီတဲ့ ရာသီဥတုနဲ့ မြေအနေအထားပေါ်မူတည်ပြီး ပေါက်ရောက်တတ်တဲ့ အပင်တွေအကြောင်းကို သူမ ကောင်းစွာသိထားသည်. အရင်တုန်းကတော့ မြေနေရာအနေအထားကို နားလည်တာဟာ စစ်ပွဲအတွက် နည်းဗျူဟာတွေချမှတ်ရာမှာ အသုံးဝင်တဲ့အတွက်ကြောင့် လေ့လာခဲ့တာဖြစ်ပြီး အခုတော့ အပင်တွေကို လေ့လာတာက သူမရဲ့ဝါသနာတစ်ခုလိုဖြစ်လာသည်.

'ဒါပေမဲ့ အခုတော့ ငါ ဝါသနာပါတာတွေကိုတောင် မလုပ်ချင်တော့လောက်အောင် ပျင်းနေပြီ'

Poliana က မြေအနေအထားနဲ့ စစ်နည်းဗျူဟာ ပတ်သက်ဆက်နွယ်မှုအကြောင်းတွေကို စာအုပ်အဖြစ် ရေးသားထုတ်ဝေချင်ခဲ့သည်. သူမအလုပ်ကနေ ပင်စင်ယူပြီးတဲ့နောက်မှာ ဒီလိုလုပ်ဖို့ စိတ်ကူးရှိခဲ့တာကြောင့် သူမက ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လေ့လာဖို့ တက်ကြွခဲ့သည်. သူမ ကိုယ်ဝန်ရှိနေတာ သိပြီးတဲ့နောက်မှာတော့ သူမရဲ့ လေ့လာမှုတွေက ရပ်တန့်သွားသည်. Poliana က ကလေးခြေအိတ်တွေ ထိုးမဲ့အစား စာပေတွေကို အာရုံစိုက်ပြီး မလေ့လာခဲ့မိတဲ့အတွက် နောင်တရနေသည်.

ဖန်လုံအိမ်က လှပခမ်းနားလျက်ရှိသည်. မတူညီတဲ့ရာသီဥတုတွေမှာ ပွင့်လန်းကြတဲ့ အမျိုးမျိုးသော ပန်းတွေက တစ်ချိန်တည်းမှာ လှပစွာဖူးပွင့်နေတာကြောင့် ဥယျာဉ်မှူးတွေက အရမ်းကို အလုပ်ကြိုးစားထားကြမှန်း သိသာနေသည်. Poliana က ပန်းပွင့်တွေထက် အပင်ရဲ့ အမြစ်တွေကို သေချာစစ်ဆေးနေတာကို တွေ့လိုက်တော့ Lucius က ပြုံးလိုက်သည်.

သူက ဒီလိုဖြစ်လာဖို့ အချိန်အကြာကြီးယူကာ ပြင်ဆင်ခဲ့တာဖြစ်သည်. သူက အချိန်မရွေးလက်ထပ်ခွင့်တောင်းနိုင်အောင်လို့ လှပတဲ့ပန်းတွေကို အမြဲတမ်းဖူးပွင့်နေအောင်လုပ်ဖို့ ဥယျာဉ်မှူးတွေကို အမိန့်ပေးခဲ့သည်. သူ့ရဲ့ လက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်က နှောင့်နှေးသွားတာကြောင့် ဖန်လုံအိမ်ထဲမှာ ပန်းတွေက တဖြည်းဖြည်း များသထက် များလာသည်. ဧကရာဇ်က သူရဲ့ လက်ထပ်ခွင့်တောင်းမဲ့ ပန်းစည်းအတွက် စိတ်ပူစရာမလိုတော့တာကို သိလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now