အခန်း ၂၆၁

53 4 0
                                    

နောက်ဆုံးတော့ နေဝင်ပြီး သိပ်မကြာခင်မှာပဲ Poliana နဲ့ Lucius တို့က သူတို့ရဲ့ခရီးပန်းတိုင်ကို ရောက်သွားခဲ့သည်. သူတို့က ညအချိန် မြို့တံခါးမပိတ်ခင်လေးမှာ ရွာထဲကို ဝင်လိုက်နိုင်သည်. သူတို့က မြို့ထဲမှာရှိတဲ့ တည်းခိုခန်းတစ်ခုဆီကို ဦးတည်သွားလိုက်ကာ ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ တည်းခိုခန်းအလွတ်တွေလဲ အများကြီး ရှိနေသည်. ဒီနေ့တော့ ဘယ်ဧည့်သည်မှ မလာလောက်တော့ဘူးလို့ ထင်နေခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်က Poliana နဲ့ ဧကရာဇ်တို့ကို ဝမ်းသာအားရနှုတ်ဆက်လိုက်သည်. ဒါပေမဲ့ ဒီလူနှစ်ယောက်ရဲ့အသွင်အပြင်တွေကို သတိပြုမိသွားချိန်မှာတော့ သူမက ထိတ်လန့်အံ့ဩသွားကာ တွေဝေသွားသည်.

'ဟမ်... ဒီလူက ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကို ဖြားယောင်းခဲ့တဲ့ သိုက်တူးသမားတစ်ယောက်လား ပြီးတော့ သူတို့က ခိုးပြေးလာကြတာလား?'

ဒါပေမဲ့ အမျိုးသမီးက အရမ်းကြောက်ဖို့ကောင်းတဲ့ပုံစံဖြစ်နေတာကြောင့် ဒီထင်မြင်ချက်က အဓိပ္ပါယ်မရှိပေ. အမျိုးသမီးတစ်ယောက်အနေနဲ့ အရမ်းရုပ်ဆိုးနေတဲ့အပြင် အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုအမာရွတ်အများကြီး ရှိနေတာကလဲ ရှားပါးနေလို့ဖြစ်သည်. ပထမတော့ Poliana က အမျိုးသမီးမှ ဟုတ်ရဲ့လားလို့ တည်းခိုခန်းပိုင်ရှင်က သိပ်မသေချာခဲ့ပေမဲ့ Poliana ရဲ့ရင်သားတွေကို သူမတွေ့သွားခဲ့သည်. ဟုတ်တယ်. ဒါက သေချာပေါက် အမျိုးသမီးတစ်ယောက်ပဲ.

'ကြည့်ရတာ သူမက အမေတစ်ယောက်ဖြစ်ပြီးတော့ အိမ်ကနေ ထွက်ပြေးသွားတဲ့ သူ့သားကို အိမ်ပြန်ခေါ်လာတာလား?'

ဒီလိုပဲဖြစ်ရမယ်လို့ တည်းခိုခန်းပိုင်ရှင်က ဆုံးဖြတ်ချက်ချလိုက်သည်. အမျိုးသမီးက ပိုက်ဆံအများကြီး ရှိပုံရသည်. တည်းခိုခန်းမှာ အခန်းနှစ်ခန်းရှိပြီးတော့ သူမက နှစ်ခန်းလုံးကို ငှားယူလိုက်သည်. အခန်းထဲကို မဝင်ခင်မှာ Poliana က လျှောက်လမ်းနဲ့ လှေကားတွေက လုံခြုံစိတ်ချရရဲ့လားဆိုတာကို သေချာစစ်ဆေးလိုက်သည်. ကြောက်မက်ဖွယ်ရာကောင်းပြီး ရှည်လျားတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပေမဲ့ သူမက စစ်သည်တစ်ယောက်ဖြစ်နေသေးသည်. သူမက သူမအလုပ်ကို ဘယ်တော့မှ မမေ့လျော့ခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now