အခန်း ၂၆၀

42 4 0
                                    

Lucius က Poliana ရဲ့ ဧကရာဇ်နဲ့ အရှင်သခင် ဖြစ်သည်. သူမက သူမသေတဲ့နေ့အထိ သူမရဲ့ဓါးကို ကိုင်ဆွဲကာ သူမရဲ့အရှင်သခင်ကို ကာကွယ်ဖို့အတွက် သစ္စာဆိုခဲ့တဲ့ စစ်သည်တစ်ယောက် ဖြစ်သည်. သူ့အတွက်ဆိုရင် Poliana က မီးပုံထဲကို ခုန်ချနိုင်သည်. သူမဧကရာဇ်အတွက်ဆိုရင် သူမက ရက်စက်ကြမ်းကြုတ်တဲ့ ကျားတစ်ကောင်နဲ့လဲ ရင်ဆိုင်တိုက်ခိုက်နိုင်သည်.

သူမက တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ကြောင်းကို ပထမဆုံး အသိအမှတ်ပြုပေးခဲ့တာက Lucius ဖြစ်သည်. သူက သူမကို စစ်သည်အဖြစ်လက်ခံခဲ့ကာ လေးစားသမှုနဲ့ ဆက်ဆံခဲ့သည်. သူက သူမရဲ့ကယ်တင်ရှင်ဖြစ်တာကြောင့် သူ့အပေါ်မှ သစ္စာမထားပဲ မနေနိုင်ပေ.

Poliana အတွက်တော့ Lucius က သူရဲကောင်းတစ်ယောက်ဖြစ်သည်. သူက သူမရဲ့ဘုရားသခင် ဖြစ်သည်. ဒါပေမဲ့ ဧကရာဇ်အပေါ်ထားရှိတဲ့ သူမရဲ့ သစ္စာစောင့်သိမှုက ပိုလျှံနေတယ်လို့တော့ သူမ မထင်ခဲ့ပေ. ဒီတိုင်းပြည်မှာရှိတဲ့ စစ်သည်တိုင်းက သူမလိုပဲ Lucius အပေါ်မှာ ခံစားရမှာလို့ သူမ ယုံကြည်ခဲ့သည်. ဒါပေါ့. သူမရဲ့ထင်မြင်ချက်တွေက မှားယွင်းနေတာကိုတော့ သူမ မသိနိုင်ပေ. Sir Ainno နဲ့ Poliana တို့က သူတို့ရဲ့ဧကရာဇ်အပေါ်မှာ အကြွင်းမဲ့ယုံကြည်ကိုးကွယ်တာက တခြားသူတွေအတွက်တော့ စွဲလန်းရူးသွပ်ခြင်းတစ်မျိုးဖြစ်နေသည်.

အဲ့ညက သူ့အခန်းထဲကနေ ထွက်သွားဖို့ ပြောခဲ့တုန်းက Lucius ဘယ်လိုခံစားနေရလဲဆိုတာကို အခုမှ နားလည်သဘောပေါက်မိတာက အရေးကြီးတဲ့အချက်ဖြစ်နေသည်. ဒီအချိန်မှာ သူမကလဲ ဒီလိုခံစားချက်မျိုးရှိနေသည်.

သင်ယုံကြည်စိတ်အချရဆုံးလူနဲ့ တန်ဖိုးအထားရဆုံးလူ.. ဒီလူက သင့်ဘဝမှာ အရေးအကြီးဆုံးလူသားဖြစ်နေတာတောင်မှပဲ သူ့အရှေ့မှာ ထုတ်မပြချင်တဲ့ အပိုင်းတွေရှိနေနိုင်သည်. Poliana က သူမအကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အနေအထားကိုပဲ ဧကရာဇ်ကို မြင်စေချင်သည်.

Poliana က Rebecca နဲ့ ရင်းနှီးသည်. အကျည်းတန်ပြီး စိတ်ပျက်ဖို့ကောင်းတဲ့အရာတွေအပါအဝင် သူတို့က စကားတွေအများကြီးပြောခဲ့ကြသည်. သူတို့က သူတို့ဘဝရဲ့ အနက်ရှိုင်းဆုံး အကြောင်းအရာတွေကို မျှဝေခဲ့ကြသည်. ဒါက သူတို့ရဲ့ခင်မင်မှုက နက်ရှိုင်းနေလို့မဟုတ်ပဲ သူတို့ရဲ့ဆက်ဆံရေးက ဒီနည်းလမ်းနဲ့ စတင်ခဲ့လို့ဖြစ်သည်. Poliana က သူမရဲ့ဧကရာဇ်ကြောင့် အမြဲအံ့အားသင့်ခဲ့ရတာကြောင့် သူမကလဲ သူမရဲ့အကောင်းဆုံးအပိုင်းကိုသာ သူ့ကို ပြသချင်ခဲ့သည်. သူက သူမအတွက် ဂုဏ်ယူတာကို လိုချင်သည်. သူမက ပြီးပြည့်စုံတယ်လို့ သူ့ကို ထင်စေချင်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now