အခန်း ၂၀၁

103 3 5
                                    

Sir Wook နဲ့ Sir Jainno တို့တောင်မှ Poliana ကို တားလို့မရတာကြောင့် Master Chail အနေနဲ့လဲ သူမကို မဖြောင်းဖျနိုင်ပေ.

Poliana က ထပ်ပြောလိုက်သည်.

"ကျွန်မ အရှင့်ကို ချက်ချင်းတွေ့ရမှဖြစ်မယ် Master Chail"

"Marquess Winter. မင်းအတွက် အရမ်းခက်ခဲနေမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ အရှင်က ပိုပြီးတော့ ခက်ခဲနေမှာလေ. အခုလောလောဆယ် သူ့ကို တစ်ယောက်တည်းပေးနေတာ ပိုကောင်းလိမ့်မယ်"

"ဒါကြောင့်ပဲ ကျွန်မ သူ့ကို တွေ့ရမှဖြစ်မှာ"

Poliana က တံခါးမခေါက်သလို သူမကိုယ်သူမ မကြေငြာပဲ ဧည့်ခန်းကိုဖြတ်ကာ သူ့ရဲ့သီးသန့်အခန်းထဲ ဝင်သွားလိုက်သည်. Master Chail နဲ့ တခြားအစေခံတွေက သူမနောက်ကို မလိုက်သွားခဲ့ပေ. သူ့အခန်းက မှောင်နေပြီး လိုက်ကာတွေအားလုံးကို ချထားတာကြောင့် ဒီအခန်းက လိုဏ်ဂူတစ်ခုနဲ့ တူနေသည်. ဒီဟာက ဧကရာဇ်အနေနဲ့ ဘယ်လိုခံစားနေရလဲဆိုတာကို အတိအကျ ဖော်ပြနေသလိုဖြစ်နေသည်.

Poliana က အမှောင်ထဲမှာ နေသားကျသွားတာနဲ့ ထိုင်ခုံမှာ လျော့ရဲစွာ ထိုင်နေတဲ့ ဧကရာဇ်ရဲ့ပုံစံကို တွေ့လိုက်ရသည်. သူက စားပွဲခုံကို မှီထားပြီး ဘာလှုပ်ရှားမှုမှ မရှိပေ. သူက မော့မကြည့်ပဲနဲ့ တိတ်တဆိတ်မေးလာသည်.

"Inno မင်းလား?"

လမ်းလျှောက်ဝင်လာတဲ့သူက Poliana မဟုတ်ပဲ Sir Ainno လို့ Lucius က ထင်နေပုံရသည်. စားပွဲခုံနဲ့ ကြမ်းပြင်ပေါ်မှာ အရက်ပုလင်းတွေနဲ့ ပြည့်နေသည်. သူတစ်ယောက်တည်း ဒါတွေ အကုန်သောက်ထားတာလား? Sir Inno နဲ့တူတူ သောက်ထားတာလား? ဘာပဲဖြစ်ဖြစ် ဧကရာဇ်က အရက်မူးနေပုံရသည်. Poliana က သူ့အနားသွားဖို့ အနည်းငယ်တုန့်ဆိုင်းနေသည်.

ဧကရာဇ်ရဲ့ အခုလိုပုံစံကို တခြားသူတွေမြင်ဖို့ မသင့်တော်တာကြောင့် Poliana က မီးအိမ်မထွန်းခင်မှာ သူမနောက်က တံခါးကို သေချာပိတ်လိုက်သည်. မော့မကြည့်လာပဲ Lucius က နာကျင်နေတဲ့အသံနဲ့ ထပ်ပြောလာသည်.

"Inno. Inno... မိန်းမတွေနဲ့ ပတ်သက်ပြီး ငါက တကယ်ပဲ ကံမကောင်းတာဖြစ်မယ်. ဟုတ်တယ်မလား?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now