အခန်း ၂၉၃

46 5 0
                                    

Poliana က သူမဘဝတစ်လျှောက်လုံး လေ့ကျင့်ခန်းပုံမှန်လုပ်ခဲ့တဲ့ ကျန်းမာရေးကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ သူမအသက်အရွယ်မှာ ကလေးတစ်ယောက်မွေးရတာက လွယ်ကူတဲ့အရာတော့ မဟုတ်ပေ. မီးဖွားချိန်ဆယ်နာရီလောက် ကြာပြီးတဲ့နောက်တော့ Poliana က သူမကလေးကို ချီလိုက်နိုင်သည်. သူမက အားပြတ်ကာ အိပ်လိုက်ချင်ပေမဲ့ သူမ စစ်ဆေးဖို့ ကျန်နေသေးတာကို အမှတ်ရလိုက်သည်.

'ကဲ ကြည့်ရအောင်!'

Poliana က သူမမျက်လုံးတွေကို ပြူးကာ ကလေးကို ကြည့်လိုက်သည်. သူမ သိဖို့ လိုနေသည်...

'ကလေး! ငါ့ကလေးကို ကြည့်ရမယ်! ငါ သေချာကြည့်ပြီးတော့ စစ်ကြည့်...!'

"သခင်မ.. ကြည့်ပါဦး ဘယ်လောက်တောင် ချောတဲ့ သားလေးလဲ!'

Poliana က သူမရဲ့ မွေးကင်းစကလေးကို မြင်လိုက်ရသည်.

ရွှေရောင်ဆံပင်တွေနဲ့... နီရဲနေတဲ့ မျက်နှာ...

သူမ ထပ်ကြည့်စရာမလိုတော့ပေ. သူမအားနည်းနေတာကြောင့် မေ့လဲသွားတော့မလို ဖြစ်သွားသည်. ဝမ်းဆွဲသည်နဲ့ သမားတော်တို့က အံ့ဩနေကြသည်.

"ငါ ဝမ်းဆွဲသည်လုပ်လာတာ ၃၅ နှစ်ကျော်နေပြီ.. ဒီလိုချောမောခန့်ညားတဲ့ကလေးကို တစ်ခါမှ မတွေ့ဖူးဘူး"

"ငါရောပဲ"

"Arghh..."

Poliana ရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်လာသည်. ဝမ်းဆွဲသည်နဲ့ သမားတော်ကတော့ သူမရဲ့ ငိုကြွေးမှုက ကလေးအမေတစ်ယောက်ရဲ့ စိတ်သက်သာရာရမှုနဲ့ ပျော်ရွှင်မှုကြောင့်လို့ ထင်သွားကြသည်. သူတို့ဘယ်လိုတွေးသလဲဆိုတာကို Poliana ဂရုမစိုက်ပေ. တခြားသူတွေရှေ့မှာ မငိုသင့်ဘူးဆိုတာသိပေမဲ့ Poliana က သူမခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ပေ

'သေစမ်း!'

ကလေးက သူ့အဖေနဲ့ တူနေသည်. သူမရဲ့ သားလေးက မျက်လုံးတောင်မပွင့်သေးပေမဲ့ ဒီမျက်လုံးတွေရဲ့အရောင်က ဘာအရောင်ဖြစ်မလဲဆိုတာကို Poliana စစ်ဆေးကြည့်စရာမလိုတော့ပေ. မွေးကင်းစကလေးရဲ့မျက်နှာမှာ အနီရောင်အရေးအကြောင်းတွေရှိနေပေမဲ့လဲ ဒီကလေးဆီမှာ Lucius ကို ပုံရိပ်ကို မြင်နေရတာက သူမ အမြင်မှားနေတာ မဟုတ်ပေ. ဧကရာဇ်ရဲ့ အသွင်အပြင်အားလုံးက သူမသားရဲ့မျက်နှာပေါ်မှာ ရှိနေသည်. Lucius ရဲ့ ငယ်ဘဝပုံစံကို အရမ်းတော်တဲ့ ပန်းချီဆရာတွေက ရေးဆွဲထားသလိုမျိုးဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now