အခန်း ၂၁၉

41 2 0
                                    

Frau က အလောတကြီးငြင်းဆိုလာသည်.

"မဟုတ်,မ. အဲလိုမဟုတ်ပါဘူးဗျာ! သူမက ကွယ်လွန်သွားပါပြီ"

သူက ခေါင်းငုံ့ကာ ရှင်းပြလာသည်.

"အဲ့တာက အတိတ်ကဖြစ်ခဲ့တာတွေပါ. လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာက ဖြစ်ခဲ့တာပါ!"

Poliana က တိတ်တဆိတ်တွေးလိုက်သည်. ဒါဆို Frau ရဲ့ တစ်သက်မှာ တစ်ခါသာ ရှိမဲ့ အချစ်ပုံပြင်က သူမ သေသွားလို့ အဆုံးသတ်သွားတာပေါ့. Lady Rebecca ဆုံးသွားတာ မကြာသေးလို့လား? ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ကြားလိုက်ရတဲ့အတွက် Poliana က မပျော်ရွှင်တာမျိုးတော့ ဖြစ်မလာပေ. ဒီမေးခွန်းထဲက အမျိုးသမီးက သေဆုံးသွားပြီဖြစ်တာကြောင့် သူမက အနည်းငယ် စိတ်သက်သာရာရသွားသည်. Poliana က ပြန်ဖြေလိုက်သည်.

"မင်းက လူငယ်တစ်ယောက် မဟုတ်တော့.... မင်းမှာ အတိတ်ရှိခဲ့တယ်ဆိုတာကို နားလည်ပေးလို့ရပါတယ်. ငါ့မှာတော့ ဘာမှမရှိဘူး. ဒါပေမဲ့ ငါ့လိုမျိုးကတော့ အထူးဖြစ်ရပ်ပေါ့"

Frau ရဲ့ စာရွက်စာတမ်းတွေကို ဖတ်ပြီးတဲ့နောက်တော့, Poliana က သူ့ကို သတိပေးလိုက်သည်.

"ငါ ဒီအချက်ကို စာချုပ်ထဲမှာ ထည့်ရေးမှာ. ဒါပေမဲ့ မင်းကို ကြိုပြီး သတိပေးလိုက်မယ်; မင်းငါ့ကို လိမ်ညာခဲ့ရင်တော့ ငါ မင်းကို သတ်ပစ်မယ်"

"ကျွန်တော် အဲ့လိုမျိုး ဘယ်တော့မှ မလုပ်ပါဘူး"

"ပြီးတော့ Winter ဆိုတဲ့ နာမည်ကို အရှက်ရစေတာ ဒါမှမဟုတ် အရှက်ခွဲတဲ့အရာမျိုး မင်းလုပ်ခဲ့ရင်, မင်းကို သတ်ပစ်မယ်"

"ဟုတ်ကဲ့ပါ မဒမ်!"

"ငါ နောက်နေတာမဟုတ်ဘူး. ငါ တကယ်ပြောနေတာ"

Poliana က သူမရဲ့ဓါးမြှောင်ကို ထုတ်ကာ ကစားလိုက်သည်. သူမက ဓါးမြှောင်ကို လေထဲကို ထပ်ခါထပ်ခါ မြှောက်နေပြီး အကြိမ်တိုင်းမှာ ထက်မြက်တဲ့ဓါးသွားက နေရောင်ထဲမှာ လင်းလက်သွားကာ Frau ရဲ့မျက်နှာကတော့ ပိုပြီး ဖြူဖတ်ဖြူရော်ဖြစ်လာသည်.

Poliana က ဆက်ပြောလိုက်သည်.

"ပြီးတော့ မင်းယူလာတဲ့စာရွက်တွေက တိကျဖို့လိုတယ်. တကယ်လို့ ဒီစာရွက်စာတမ်းတွေကို အတုလုပ်ခဲ့မယ်ဆိုရင်တော့ မင်းအတွက် အရမ်းဆိုးသွားမှာပဲ. ငါ...လူလိမ်တွေကို မုန်းတယ်"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now