အခန်း ၃၁၁

53 11 0
                                    

လူတွေက သူမ မပျော်ရွှင်ဘူးလို့ ထင်နေရင်တောင်မှပဲ သူမကိုယ်သူမ ပျော်နေတယ်လို့ ခံစားနေရသရွေ့ အဆင်ပြေသည်. သူမက ပျော်ရွှင်စွာနဲ့ ပြုံးပျော်နေတာကိုပဲ Sir Donau မြင်ချင်သည်.

"တစ်ယောက်ယောက်က အစ်မကို ချစ်တဲ့အချစ်တွေကို လစ်လျှုရှုထားမယ်ဆိုလဲ ရတယ်. သူက အစ်မကိုမချစ်ဘူးလို့ ကိုယ့်ကိုကိုယ်လှည့်စားနေချင်တာကို နားလည်ပေးလို့ရတယ် ဒါပေမဲ့ Sir Poliana ကျေးဇူးပြုပြီးတော့ တစ်ယောက်ယောက်က အစ်မကို ချစ်နေတယ်ဆိုတဲ့အချက်ကိုတော့ မငြင်းဆန်ပါနဲ့. အစ်မကို ချစ်ခဲ့တဲ့ယောက်ျားတစ်ယောက်ရှိခဲ့ပြီးတော့ အစ်မကို ချစ်နေတဲ့ ယောက်ျားတစ်ယောက်ရှိနေတယ်ဆိုတာက အမှန်တရားပဲ. ကျေးဇူးပြုပြီးတော့ သူတို့တည်ရှိနေမှုကို မငြင်းဆန်ပါနဲ့"

ဒီအချက်ကို သတိပြုခဲ့မိဖို့ အချိန်အတော်ကြာခဲ့ပေမဲ့ Sir Donau က Poliana ကို ချစ်ခဲ့ဖူးသည်. သူ့ခံစားချက်တွေကို သတိမပြုမိခင်မှာ သူမကို လက်ထပ်ခွင့်တောင်းခဲ့မိပြီး သူ့ရဲ့ လက်ထပ်ခွင့်က ငြင်းဆန်ခံခဲ့ရကာ သူ့ရဲ့ ပထမဆုံးအချစ်က ဝမ်းနည်းကြေကွဲဖွယ်ရာ အဆုံးသတ်သွားခဲ့သည်.

Vanessa ကို လက်ထပ်ကာ သူမကို ချစ်မိသွားတဲ့နောက် Poliana နဲ့ ပတ်သက်ပြီးတော့ သူခံစားခဲ့ရတာတွေက အချစ်ပဲဆိုတာကို Sir Donau က နောက်ကျမှ သတိပြုခဲ့မိသည်. ဒါကြောင့်ပဲ သူက Lucius အတွက် စိတ်မကောင်းဖြစ်မိနေသည်. Poliana အပေါ်ရှိနေတဲ့ သူ့အချစ်တွေက သူမအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ Sir Donau ယုံကြည်ခဲ့ဖူးတဲ့အချိန်တွေရှိသည်. ဒါ့ကြောင့်ပဲ သူ့ခံစားချက်တွေကို သတိပြုမိဖို့ အချိန်ကြာသွားတာဖြစ်နိုင်သည်.

Sir Donau က ဧကရာဇ်ကို ယုံကြည်သည်. Lucius က သစ္စာရှိစစ်သည်တစ်ယောက်အပေါ်ကို ဒီလိုလိမ်ညာပြောဆိုမှာ မဟုတ်သလို Donau သိထားတဲ့ ဧကရာဇ်က ဒီလိုအရာမျိုးကို ဘယ်တော့မှာ လိမ်ပြောမဲ့သူမဟုတ်ပေ.

သူက Poliana ကို ချစ်မိနေတယ်ဆိုတာကို အချိန်အတော်ကြာတဲ့အထိ မသိခဲ့ပေ. ဒါပေမဲ့ Lucius ကတော့ မတူညီပေ. ဧကရာဇ်က သူ့ထက် ပိုကောင်းတဲ့သူဖြစ်ပြီး သူ့ခံစားချက်တွေကို သူမကို ဖွင့်ပြောဖို့ သတ္တိရှိခဲ့သည်. Donau က ဧကရာဇ်ဘက်မှာ ရှိနေသည်. Lucius ရဲ့အချစ်ရေးက အကောင်းဆုံးဖြစ်လာဖို့ ဆုတောင်းနေသည်. ဧကရာဇ်ကို ကူညီဖို့ Donau က ဘာပဲဖြစ်ဖြစ်လုပ်ပေးဖို့ ဆန္ဒရှိသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now