အခန်း ၃၄၅

28 3 0
                                    

Lady Siming က Poliana ရဲ့ ခံစားချက်တွေ ပိုကောင်းလာအောင် ကြိုးစားလိုက်သည်.

"Marquess Winter ရှင်က လက်မထပ်ရသေးပေမဲ့ မိန်းမပျိုလေးတစ်ယောက်မဟုတ်တော့ဘူးဆိုတော့ကာ ကျွန်မတို့က ရှင့်ကို တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ပုံစံမျိုးဖြစ်အောင် ပြင်ပေးဖို့လိုတယ်..."

ဒါပေမဲ့ အမှန်တရားကတော့ အသက် ၃၀ ကျော်နေတဲ့ တခြားအမျိုးသမီးတွေကတောင် သူတို့ကိုယ်သူတို့ အရွယ်တင်ပြီး မိန်းမဆန်အောင် အတတ်နိုင်ဆုံး ပြင်ဆင်လေ့ရှိသည်. လက်ထပ်ပြီးတော့ ကလေးသုံးယောက်လောက်မွေးထားပြီးပြီဖြစ်တဲ့ တစ်ချို့အမျိုးသမီးတွေက သူတို့ရဲ့ မိန်းမဆန်တဲ့ အသွင်အပြင်ကို ပြချင်တာကြောင့် မျက်နှာအုပ်ပုဝါတွေ ဝတ်ဆင်လေ့ ရှိနေကြဆဲဖြစ်ပြီး.. အခု တကိုယ်တည်းသမားဖြစ်တဲ့ Poliana ကတော့ သူမရဲ့တည်ငြိမ်ရင့်ကျက်မှုကို ပြသဖို့ လိုနေသည်. Poliana က စိတ်မကောင်းမဖြစ်ပဲ မနေနိုင်ပေမဲ့ Lady Siming နဲ့ တခြားအကူတွေရဲ့ သုံးသပ်ချက်က မှန်ကန်နေတာကိုလဲ ငြင်းဆန်နိုင်စရာအကြောင်းမရှိပေ.

Poliana က အသက်ကြီးလာတာနဲ့အမျှ သူမရဲ့ အသွင်အပြင်က ပိုပြီးကြည့်ကောင်းလာတဲ့ အမျိုးသမီးပုံစံမျိုးဖြစ်သည်. ဆယ်ကျော်သက်နဲ့ အသက်နှစ်ဆယ်အရွယ်မှာသာ အစွမ်းကုန်လှပတတ်ကြတဲ့ တစ်ချို့အမျိုးသမီးတွေလိုမဟုတ်ပဲ Poliana ရဲ့ ဆွဲဆောင်နိုင်မှုက ဆက်လက်တည်မြဲလျက်ရှိနေသည်. သူမက ပြောင်းလဲမှုမရှိပဲ တည်ကြည်လေးနက်တဲ့ အသွင်ရှိနေတာကြောင့် အကူတွေက သူမရဲ့အဝတ်အစားကိုသာ အာရုံစိုက်ပြီး ပြင်ဆင်ပေးနေကြသည်.

ဧကရာဇ်နဲ့ ဧကရီတို့အတွက် လှပချောမွေ့နေတာက အမြဲတမ်းကောင်းတဲ့ ကိစ္စဖြစ်သည်. ဒါပေမဲ့ Lucius က သူတို့နှစ်ယောက်လုံးအတွက် လုံလောက်အောင် လှပနေပြီးသားဖြစ်တာကြောင့် Poliana က သူမရဲ့ကိုယ်ပိုင်အသွင်အပြင်အတွက် စိတ်ပူစရာမလိုပေ.

Lady Siming ရဲ့ အလုပ်ကြိုးစားမှု ရလဒ်က ကြောက်မက်ဖွယ်ကောင်းပြီး မယိမ်းမယိုင်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာသည်. Poliana ရဲ့ ကိုယ်နေဟန်နဲ့ အပြုအမူက ဧကရာဇ်နားမှာ အချိန်အတော်အကြာ အမှုထမ်းခဲ့တာကြောင့် အမှားအယွင်းလုံးဝမရှိတဲ့ အနေအထားမျိုးဖြစ်နေသည်. မှန်အရှေ့မှာ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးက စိတ်ကျေနပ်စရာကောင်းလောက်အောင် လှပချောမောမှုမရှိပေမဲ့ Poliana က ကြီးကျယ်ခမ်းနားတဲ့ ဧကရီတစ်ပါးဖြစ်လာမှာကိုတော့ အခန်းထဲကလူတွေအားလုံးသိနေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now