အခန်း ၂၃၀

34 4 0
                                    

Poliana က သူမခေါင်းကို ရမ်းကာ ပြန်ဖြေလိုက်သည်.

"မတက်ဘူး. Frau Sneke က ငါနဲ့ပွဲတက်လို့မရဘူး"

Frau က ဖိတ်ကြားခံရလောက်တဲ့အထိ အရေးပါတဲ့မဟုတ်ပေ. ဒီနှစ်ကျင်းပမဲ့ ဧကရာဇ်ရဲ့မွေးနေ့ပွဲမှာ Acreian အဆင့်မြင့်အထက်တန်းလွှာတွေ တက်ရောက်မှာဖြစ်သည်. ဒီပွဲရဲ့လုံခြုံရေးကိုလဲ တင်းကျပ်ထားတာကြောင့် Frau လိုမျိုး ဘာမှမဟုတ်တဲ့လူတစ်ယောက်က အဖိတ်ကြားခံရဖို့ အိပ်မက်တောင် မက်ခွင့်မရှိပေ.

Sir Mahogal က မေးလိုက်သည်.

"ဒါပေမဲ့ ခင်ဗျားက သူနဲ့ စေ့စပ်ထားတာမလား? ဒါဆို ခင်ဗျားရဲ့ ဧည့်သည်အနေနဲ့ တက်လို့ရမယ်မလား?"

"ငါတို့ မစေ့စပ်ရသေးဘူး"

တော်ဝင်နာရေးကာလအဖြစ် သတ်မှတ်ထားတဲ့ ဒီနှစ်ထဲမှာ လက်ထပ်တာ, စေ့စပ်တာတွေက တရားမဝင်ပေ. Poliana က ဒီသတ်မှတ်ချက်ကို လစ်လျှူရှုကာ လက်ထပ်ဖို့ ခွင့်ပြုတာနဲ့ ချက်ချင်းလက်ထပ်လိုက်ဖို့ ဆုံးဖြတ်ထားသည်. Poliana နဲ့ Frau တို့က လက်ထပ်ဖို့အတွက် ကတိပေးထားကြပေမဲ့ သူတို့က တရားဝင်စေ့စပ်ထားတာမျိုး မရှိသေးပေ.

Sir Jainno က တွေဝေသွားသည်. တကယ်လို့ သူတို့က တရားဝင်စေ့စပ်ထားတာမျိုးမဟုတ်ရင်တောင်မှ Yapa မှာ ရှိတဲ့လူတိုင်းက သူတို့က လက်ထပ်တော့မှာကို သိနေကြတာကြောင့် Frau ကလဲ ဒီပွဲကို တက်ရောက်ခွင့်ရှိတယ်လို့ ဆိုလိုတာဖြစ်သည်. Sir Jainno က မေးလိုက်သည်.

"ဒါပေမဲ့လဲ သူက ခင်ဗျားရဲ့ ဧည့်သည်အဖြစ် တက်လို့ရသေးတယ်မလား?"

Poliana က သူမပခုံးကို တွန့်လိုက်သည်. သူမက Frau ကို သူမနဲ့အတူပွဲတက်ဖို့ ပြောခဲ့ပေမဲ့ သူမ မေးလိုက်တော့ Frau က ဖြူဖတ်ဖြူရော်ဖြစ်သွားကာ ပြန်မေးလာခဲ့သည်.

"ကျွန်တော့်မှာ အဲ့လို အခွင့်အရေးရှိတာလား?"

"အင်း.... ရှိတော့မရှိဘူး"

"အ-အဲ့တာဆိုလဲ ကျွန်တော်မတက်ချင်ဘူး"

"ဟမ်, ကောင်းပြီလေ မင်းသဘောအတိုင်းပဲ"

ဒါက အဲ့နေ့က သူတို့စကားဝိုင်းရဲ့အဆုံးသတ်ဖြစ်သည်. Poliana က Frau ကို သူဘာကြောင့်မသွားချင်တာလဲဆိုတာကို မမေးခဲ့ပေ. သူတို့က လက်မထပ်ရသေးတာကြောင့် သူမအနေနဲ့ ဆူပူကြိမ်းမောင်းတတ်တဲ့ဇနီးလိုမျိုး မပြုလုပ်ချင်ပေ. ပြီးတော့ သူက ဘာလို့ ဒီပွဲကို မတက်ချင်ရတာလဲဆိုတာကို ခန့်မှန်းမိသည်. Acreian အထက်တန်းလွှာတွေ အကုန် တက်ရောက်မှာ ဖြစ်တာကြောင့် Frau မိသားစု, Snekeတွေကလဲ တက်ရောက်လာနိုင်သည်. Frau ကို သူ့မိသားစုကနေ မောင်းထုတ်ထားတာဖြစ်ပြီး သူက သူ့ဖခင်ရဲ့နာရေးကိုတောင် တက်ရောက်ခွင့်မရခဲ့ပေ. သူ့မိသားစုနဲ့ တွေ့ဖို့ဆိုတာက မကောင်းတဲ့ကိစ္စဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now