အခန်း ၂၇၂

42 4 0
                                    

လက်ရှိနိုင်ငံရေးအရှုပ်အထွေးတွေက Poliana အတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေသည်. သူမကို မနာလိုနေကြတဲ့ အာဏာရှိအထက်တန်းလွှာတစ်ချို့က သူမရဲ့လက်ထပ်ပွဲဖျက်လိုက်တာကို အသုံးချကာ သူမကို တိုက်ခိုက်လာနိုင်ပေမဲ့ အထက်တန်းလွှာအများစုက တိုင်းပြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ အလုပ်များနေကြသည်. Sneke မိသားစုကလဲ Marquis Seeze နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်နေခဲ့သည်. Frau အနေနဲ့ အချုပ်ခန်းထဲရောက်မနေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က Poliana ရဲ့ကျေးဇူးကြောင့်ဖြစ်သည်.

တကယ်တော့ Poliana ကို တိုက်ရိုက်တိုက်ခိုက်လာနိုင်လောက်တဲ့အထိ အာဏာရှိတဲ့ အထက်တန်းလွှာတစ်ယောက်မှ မရှိပေ. ဒီအခြေအနေကို အသုံးချကာ သူမကို တိုက်ခိုက်လာနိုင်တဲ့ တစ်ဦးတည်းသောသူက Sir Ainno ဖြစ်ပေမဲ့ သူက သူမကို စိတ်မဝင်စားပေ. နောက်ဆုံးမှာတော့ Poliana က Frau Sneke နဲ့ လမ်းခွဲလိုက်တဲ့ကိစ္စကို ဘယ်သူကမှ အမှန်တကယ် ဂရုမစိုက်လာကြပေ. Poliana နဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ချို့သာ ဒီအကြောင်းအရာတွေကို သိခဲ့တာဖြစ်ပြီး သူတို့ကလဲ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ထုတ်ပြောဖို့ ငြင်းဆန်ကြသည်.

Poliana က ဒီအခြေအနေနဲ့ပတ်သက်ပြီး မေ့ပစ်ဖို့ အကောင်းဆုံးကြိုးစားနေသလို Lucius ကလဲ မလိုလားအပ်တဲ့ကောလဟာလတွေ ထွက်မလာအောင်လို့ အကောင်းဆုံးကြိုးစားခဲ့သည်. Frau Sneke နဲ့ Polilana တို့ရဲ့ ဆက်ဆံရေးအကြောင်းကို မေ့ပစ်သွားဖို့က အချိန်သိပ်မကြာလိုက်ပေ.

Lady Bika က Frau နဲ့ ပတ်သက်တဲ့အဖြစ်မှန်ကို ပြောပြခဲ့တာဖြစ်ကြောင်း Lucius က Poliana ကို အသိပေးခဲ့တာကြောင့် Poliana က သူမဆီကို ကျေးဇူးတင်စကားနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့လိုက်သည်. တကယ်လို့ Lady Bika ရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ မှတ်ဉာဏ်ကြောင့်သာမဟုတ်ဘူးဆိုရင် Poliana က အကျင့်မကောင်းတဲ့ကောင်ကို လက်ထပ်လိုက်ရနိုင်ပြီး Frau က သူမ မသေခင် သူ မသေစေရအောင် လုပ်မယ်လို့ ပြောခဲ့တာကို Poliana မှတ်မိလိုက်သည်.

'ဟမ်.. ဘယ်လိုသေချာအောင်လုပ်မှာလဲ?'

သူက လူသတ်သမား ဖြစ်မလာစေဖို့ Poliana က ရိုးသားစွာမျှော်လင့်ခဲ့ပေမဲ့ တကယ်လို့ သူက ပြစ်မှုကျူးလွန်ခဲ့ရင်တော့ လူတစ်ယောက်အပေါ် သူမရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းက တော်တော်လေးကို ဆိုးရွားနေတာလို့ အဓိပ္ပါယ်ရသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now