အခန်း ၂၀၄

50 1 0
                                    

Poliana က Yapa ကို ပြန်သွားချိန်မှာ Lady Tory က Nanaba မှာ ကျန်နေခဲ့ပြီး ခရီးပြန်ထွက်ဖို့ ပြင်ဆင်နေခဲ့သည်. အဲ့အချိန်မှာပဲ သူမဆီကို ဧည့်သည်တစ်ယောက်ရောက်လာသည်. Lady Rebecca သေဆုံးသွားတဲ့ သတင်းကို ရထားပြီးဖြစ်တာကြောင့် သူမက အချိန်မှာ ဧည့်သည်တွေကို လက်ခံပြီး မတွေ့ဆုံချင်ပေ. ဒါပေမဲ့ ဒီဧည့်သည်က သူမ ငြင်းဆန်လို့မရတဲ့ ဧည့်သည်ဖြစ်နေတာကြောင့် သူမက သူမရဲ့မျက်နှာမှာ ခါတိုင်းလိုပဲ အပြုံးတခုဆင်မြန်းလိုက်သည်. သူမကို ဒီလိုနည်းလမ်းနဲ့ ပြုစုပျိုးထောင်ခဲ့တာဖြစ်ပြီး သူမကလဲ သူမရဲ့အပိုင်းကို ကောင်းစွာ သရုပ်ဆောင်နိုင်သည်.

"ဘိုးဘိုးကြီး"

အဲ့တာက Sir Bentier ရဲ့ အဘိုးဖြစ်ပြီး Acreia အကြီးအကဲတွေထဲမှာ အာဏာအရှိဆုံး Marquis Seeze ဖြစ်သည်.

သူက Lady Tory လိုမျိုး အပြုံးပြုံးထားကာ ရောက်လာခဲ့သည်. အကူတွေအားလုံးက ထိတ်လန့်သွားကာ ချက်ချင်းထွက်သွားကြသည်.

Marquis Seeze က Lady Tory ကို မေးလိုက်သည်.

"မင်း Yapa ကို ပြန်တော့မှာပေါ့?"

"ဟုတ်ကဲ့ပါ. ကျွန်မ ပြန်သင့်နေတာ ကြာပါပြီ"

"ကောင်းပြီ ငါသဘောတူတယ်. မင်းက ရဲတိုက်ရဲ့ သခင်မဆိုတော့ မင်းနေရာမှာ အချိန်အကြာကြီး လစ်ဟာနေတာက မဖြစ်သင့်ဘူး ပြီးတော့ အခုတလောမှာ သတင်းကောင်းလဲ ရှိထားတာဆိုတော့ အခုအချိန်က မင်းပြန်သွားဖို့ အကောင်းဆုံးအချိန်ပဲ"

Lady Rebecca သေဆုံးသွားတဲ့ သတင်းသာ Yapa ကနေ ရောက်လာတာဖြစ်ပြီး Marqusi Seeze က ဒါကို သတင်းကောင်းလို့ ပြောနေသည်. Lady Tory ရဲ့ အပြုံးက အနည်းငယ်လျော့ရဲသွားသည်. Marquis Seeze က သူမအမူအရာ ပြောင်းလဲသွားတာကို သတိမပြုမိပဲ ကျေနပ်စွာနဲ့ ရယ်လိုက်သည်.

"တောင်ပိုင်းက မိန်းကလေးက အရမ်းအားနည်းနေလို့ ငါက စိတ်ပူနေခဲ့တာ. တကယ်လို့ သူမက သားမွေးခဲ့ရင်တောင်မှ သူမသားက သူမလိုပဲ အားနည်းမဲ့ကလေးဖြစ်မှာလေ ဒါပေမဲ့ အခုတော့ သူမက သမီးမွေးလိုက်တယ်. ဒီတစ်ပတ်ကတော့ အရမ်းနေလို့ကောင်းခဲ့တာပဲ"

Marqusi Seeze က သူမပခုံးကို ကြင်နာစွာနဲ့ ပုတ်ကာ ဆက်ပြောလာသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now