အခန်း ၂၁၃

35 2 0
                                    

Sir Ainno က ဧကရာဇ်ကို စနောက်ရဲတဲ့ တစ်ဦးတည်းသောသူဖြစ်တယ်လို့ ဘာလို့ပြောနေရတာလဲဆိုတာကို Cekel က အမြဲတမ်း သိချင်နေခဲ့တာဖြစ်ပြီး အခုတော့ ဘာလို့လဲဆိုတာကို သူမ သိလိုက်သည်. ဒီခေါင်းမာတဲ့လူကြောင့် သူမက စိတ်ရှုပ်လာတာကြောင့် အေးစက်စွာနဲ့ မေးလိုက်သည်.

"တကယ်လို့ ရှင်က ရှင်ပြောနေသလိုပဲ အရမ်းကြီးကျယ်ခမ်းနားတဲ့သူဆိုရင် ဘာလို့ ရှင့်ကိုလက်ခံဖို့ ကျွန်မကို ပြောနေရတာလဲ? ဒီ ၁၁လ ပြီးတာနဲ့ ကျွန်မက ရှင့်ကို လက်ထပ်ရမယ်လို့ သေချာနေရင်လဲ ဘာလို့ ဂရုစိုက်နေသေးလဲ?"

"ဘာလို့လဲဆိုတော့ Cekel Ingreter, ငါမင်းကို ချစ်နေလို့ပဲ"

သူက အလေးအနက်ပြောလိုက်တာကြောင့် Cekel ရဲ့ ပါးတွေမှာ ရှက်သွေးဖြာလာသည်. သူမက ခေါင်းငြိမ့်မိတော့မလိုဖြစ်သွားတာကြောင့် သူမကိုယ်သူမ ထိတ်လန့်သွားသည်. ဒါက အမျိုးသမီးတွေကို အမျိုးသားတွေရဲ့စကားကို နာခံတတ်ဖို့ ငယ်ငယ်လေးတည်းက သင်ပေးခဲ့ကြလို့ပဲဖြစ်သည်. Cekel က သူမသွားတွေကို ကြိတ်ကာ ပြန်ဖြေလိုက်သည်.

"ရှင် ကျွန်မကို အတင်းအကျပ်မနမ်းခင်မှာ ပြောခဲ့ရင် ကောင်းသား. ကျွန်မ ဘယ်တော့မှ ရှင့်ကို ပြန်ချစ်မှာမဟုတ်ဘူး. Sir Ainno. ကျွန်မကို ၁၁ လစောင့်ရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်"

"ငါ စောင့်မှာပါ. ဘာလို့လဲဆိုတော့ အခုတောင်မှ ငါ တော်တော်လေး သည်းခံနေရတာ"

"ရှင်?"

"ငါ မင်းကို ဖက်ချင်တယ် နမ်းချင်တယ် ပြီးတော့ ထိတွေ့ချင်တယ်. ဒါပေမဲ့ အခု ငါ့ကိုယ်ငါ ထိန်းချုပ်နေတယ်. နောက်ထပ် ၁၁ လလုံး, မင်းခွင့်မပြုပဲနဲ့ ငါမင်းကို မထိဘူး. ငါကတိပေးတယ်"

တကယ်လို့ Lucius သာ အခုနေ သူ့သူငယ်ချင်းကို တွေ့လိုက်ရင် သူအရမ်းဂုဏ်ယူသွားမှာ သေချာသည်.

"ကျွန်မက ရှင့်ကို ဘာလို့ယုံရမှာလဲ? ကျွန်မ ရှင့်ကို ပါးရိုက်ပြီးတာတောင် ရှင်က ကျွန်မ ရ-ရင်သားတွေကိုလာထိပြီးတော့ ဖက်သေးတာလေ. ရှင် မမှတ်မိဘူးလား?"

ဒါက အရင်တုန်းက Cekel က Sir Ainnoရဲ့ အင်္ဂါအစိတ်အပိုင်းကို ကန်ခဲ့ရတဲ့ အကြောင်းပြချက်ဖြစ်သည်. သူမအပေါ်ကို ပြုမူခဲ့တဲ့ပုံစံက လက်ခံစရာအကြောင်းမရှိပေ. Cekel က သူ့စကားတွေကို မယုံကြည်သေးတာကြောင့် Sir Ainno က ထပ်ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now