အခန်း ၂၁၅

38 5 0
                                    

အစတည်းက Lady Tory ကို စွန့်ပစ်ရမဲ့ဇနီးအဖြစ် သတ်မှတ်ထားခဲ့သည်. Lucius ရော Marquis Seeze ပါ ဒီလိုယူဆထားခဲ့တာဖြစ်သည်. ဒါက တရားမျှတမှုမရှိတာမှန်ပေမဲ့ ဒါက ဒီကမ္ဘာလောကကြီးရဲ့ နည်းလမ်းတစ်ခုဖြစ်သည်. Lucius က တစ်ခုခုပြောဖို့ စဉ်းစားလိုက်ပေမဲ့ ဘာမှ ထပ်မပြောတော့ပေ.

ဟုတ်တယ်, ဒါက တကယ့်ကို တရားမျှတမှုမရှိတာပဲ. ဒါက လုံးဝမှားယွင်းနေတဲ့ကိစ္စပဲ. Sir Bentier က Marquis Seeze ရဲ့ သွေးသားအရင်းဖြစ်သလို အမွေဆက်ခံသူလဲဖြစ်သည်. ဒါတောင်မှ သူက သူလုပ်ချင်တာကို သူ့ဘာသာ ရွေးချယ်ဆုံးဖြတ်ခဲ့သည်. Sir Bentier က ဧကရာဇ်အပေါ်ထားရှိတဲ့ သူ့ရဲ့သစ္စာစောင့်သိမှုကို ပြသချင်တာကြောင့် Marquis Seeze ရဲ့အမှားကြောင့် Seeze မိသားစုတစ်ခုလုံးအပြစ်ပေးခံရရင်တောင် သူက လစ်လျှူရှုနေမှာဖြစ်သည်.

တစ်ဘက်မှာတော့ Lady Tory မှာ သူမကိုယ်သူမ သက်သေပြဖို့ အခွင့်အရေးမရှိပေ. ဧကရာဇ်နဲ့လက်ထပ်လိုက်ရတာကတောင် သူမရဲ့ရွေးချယ်မှုဖြစ်ခဲ့ဟန်မတူချေ. Marquis Seeze ရဲ့ အာဏာကြောင့် သူမကဧကရာဇ်ရဲ့ဇနီး ဖြစ်လာခဲ့သည်. တကယ်လို့ Lady Tory က သူ့ကို ထိခိုက်လာစေခဲ့ရင် အချိန်ရောက်လာလို့ သူမကို နေရာကနေဖယ်ရှားတဲ့အခါမှာ Lucius အနေနဲ့ အပြစ်ရှိသလို ခံစားမိမှာ မဟုတ်ပေ. ဒါပေမဲ့ လက်တွေ့မှာ Lady Tory က ဘာအမှားမှ မကျူးလွန်ထားသေးပေ. အမှန်တကယ်မှာတော့ သူမက သူ့ရဲ့ဇနီးတစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားနေထိုင်နေတာဖြစ်သည်. Lady Tory ကိုယ်ဝန်မရသေးတဲ့အကြောင်းက သူမက သူ့နားမှာ အကြာကြီးနေမှာမဟုတ်ဘူးလို့ ထင်ခဲ့တာကြောင့် သူမဆီကို မကြာခဏ သွားမလည်လို့ဖြစ်သည်. သူမကတော့ သူ့ဆီမှာ ကောင်းစွာခစားခဲ့သည်.

'ငါ သူမနဲ့ ခပ်တန်းတန်းနေတာက မှားနေခဲ့တာလား?'

တကယ်လို့ သူမ ကိုယ်ဝန်ရသွားရင်တော့ အဆိုးဆုံးအခြေအနေမှာတောင်မှ Lucius အနေနဲ့ သူမကို သူ့အနားမှာထားဖို့ အကောင်းဆုံးအကောင်းပြချက်ဖြစ်လာမှာဖြစ်သည်. ဧကရာဇ်က သူ့လုပ်ရပ်တွေအတွက် နောင်တရသွားသည်. သူက Lady Tory ကို Marquis Seeze ရဲ့ မိသားစုဝင်တစ်ယောက်အဖြစ်သာ ဆက်ဆံခဲ့ပြီး သူမကိုယ်တိုင်အဖြစ် မဆက်ဆံခဲ့မိပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now