အခန်း ၂၃၉

36 4 0
                                    

Stra ရဲ့လှပတဲ့မျက်နှာမှာ မျက်ရည်ပူတွေရှိနေပြီး သူမက Tory ရဲ့လက်ကို စိုးရိမ်တကြီးနဲ့ ဆုပ်ကိုင်ကာ ဆက်လက်ငိုကြွေးနေသည်. Stra က တစ်ခုခုပြောနေတာဖြစ်ပေမဲ့ သူမက သည်းထန်စွာငိုကြွေးနေတာကြောင့် သူမဘာတွေပြောနေတာလဲဆိုတာကို ဘယ်သူမှ နားမလည်ကြပေ.

Tory က သူမလက်တွေကို ဖယ်လိုက်ကာ Stra ရဲ့ အကူတွေကို အမိန့်ပေးလိုက်သည်.

"Lady Stra ကို ခေါ်သွားလိုက်တော့!"

"မဟုတ်.. Tory!"

Stra က ခုခံနေပေမဲ့ သူမရဲ့အကူ ၃ယောက်က သူမကို အဝေးကို ခေါ်သွားလိုက်သည်. Lady Stra က သူတို့ကို ပြန်ခုခံဖို့ အားမရှိတာကြောင့် သူမက Duchess Luzo ဆီကို ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်. Duchess က သူမခင်ပွန်း Duke Luzo နဲ့ စကားပြောလို့ပြီးသွားတော့ သူမက Stra နဲ့ အခန်းအပြင်ဘက်ကို ထွက်သွားသည်.

ဧကရာဇ်က တိတ်ဆိတ်စွာနဲ့ ပြောလိုက်သည်.

"ဒီလိုဖြစ်သွားရတဲ့ တောင်းပန်းပါတယ်. ကဲ ငါ့မွေးနေ့ပွဲက ပြီးသွားပြီဆိုတော့ မင်းတို့တွေ ရဲတိုက်ထဲမှာ ရှိတဲ့ မင်းတို့ရဲ့အခန်းတွေဆီကို ပြန်လို့ရပြီ"

ရဲတိုက်အတွင်းရော အပြင်ကိုပါ ပိတ်ထားလိုက်သည်. Yapa နေတဲ့လူတွေအတွက်တောင် အိမ်ပြန်ရောက်ဖို့ အချိန်အတော်ကြာလိမ့်မည်. Yapa မှာနေတဲ့ အထက်တန်းလွှာအများစုက သူတို့အိမ်ကို ဘယ်တော့မှ ပြန်လို့မရတော့တာလဲ ဖြစ်နိုင်သည်. စစ်ဆေးမှုမပြီးမချင်း ဘယ်အထက်တန်းလွှာမှ လွတ်မြောက်မှာမဟုတ်ပေ. အခန်းထဲမှာ ကျန်ရှိနေသေးတဲ့လူတွေက ငြင်းခုန်တာ ဆန့်ကျင်တာတွေ မလုပ်ကြတော့ပေ. ခန်းမထဲမှာ ကျန်နေခဲ့တဲ့သူတွေက ဧကရာဇ်ဘက်မှာ ရပ်တည်သူတွေ ဒါမှမဟုတ် ကြားနေသူတွေဖြစ်သည်. Tory ရဲ့ စွဲချက်တွေက မှန်နေတယ်ဆိုတာကို သူတိုအားလုံးသိနေကြသည်. ပြီးတော့ အကြီးအကဲတွေ ကျူးလွန်ထားတဲ့ ပြစ်မှုတစ်ချို့က ခွင့်လွှတ်ဖို့ မဖြစ်နိုင်လောက်အောင် ကြီးမားနေသည်.

Lucius က Tory ဆီကို လျှောက်သွားလိုက်သည်. Poliana ရဲ့ ဂါဝန်က သွေးတွေပေနေတာကို တွေ့လိုက်တော့ သူက စိတ်ဖိစီးသွားကာ သက်ပြင်းချလိုက်သည်. Poliana က အမျိုးသမီးတစ်ယောက်ရဲ့ပုံစံက ဘယ်လိုရှိတယ်ဆိုတာကို လူတိုင်းကို သက်သေပြမယ်လို့ ပြောခဲ့ပေမဲ့ သူမက အရမ်းအံ့အားသင့်စရာကောင်းတဲ့ စစ်သည်တစ်ယောက်ဖြစ်တယ်ဆိုတာကို ထပ်မံ သက်သေပြလိုက်သလိုသာဖြစ်သွားသည်. သူမက ဂါဝန်ဝတ်ကာ လှပစွာနဲ့ ကမယ်လို့ ကျိန်ဆိုခဲ့ပေမဲ့ သူမက Lady Tory ကို ကာကွယ်ရင်းနဲ့ ဒဏ်ရာရသွားခဲ့သည်. ဒီနေ့က သူ့ရဲ့ ရဲရင့်တဲ့ အမျိုးသမီးစစ်သည်ရဲ့ ပုံမှန်နေ့တစ်နေ့သာ ဖြစ်မယ်လို့ Lucius တွေးလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now