အခန်း ၃၂၇

67 9 0
                                    

ဧကရာဇ်က မှန်ကနေ အကြည့်မခွာနိုင်ပေ. မှန်ထဲမှာတော့ ပြီးပြည့်စုံအောင်လှပချောမောနေတဲ့အမျိုးသားတစ်ယောက်က သူ့ကို ပြန်ပြုံးပြနေသည်. လူတွေက သူ့ကိုနှစ်သက်သဘောကျကာ စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ သက်ပြင်းချတတ်ကြပေမဲ့ Lucius အတွက်တော့ မှန်ထဲမှာ မြင်နေရတာက မလုံလောက်သေးပေ.

ပထမအချက်က သူ့အသားအရေက အရင်တုန်းကလောက် မတောက်ပနေပေ. သူလက်ထပ်ပြီးတော့ Poliana ကို မေ့နိုင်ဖို့ အလုပ်တွေဆက်တိုက်ဖိလုပ်ခဲ့သည်. အဲ့အချိန်အတွင်းမှာ သူ့အသားအရေက ကြမ်းတမ်းလာပြီး ဧကရာဇ်က သူ့ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်အတွက် နောင်တရမိသွားသည်. သူက ဒီ့ထက်ပိုပြီး သေချာသိခဲ့သင့်သည်.

အခုတော့ သူ့ဘဝစာမျက်နှာအသစ်က စတင်တော့မှာဖြစ်ပြီး Poliana ကိုဆွဲဆောင်နိုင်ဖို့အတွက် သူ့ကိုယ်သူပိုမိုလှပအောင်လုပ်ဆောင်ဖို့လိုနေသည်. Poliana က သူ့ကိုပြန်ချစ်လာစေဖို့အရေးမှာ သူ့အလှတရားက အကြီးမားဆုံးလက်နက်ဖြစ်တယ်လို့ Lucius က ယုံကြည်နေသည်. Poliana က ဧကရာဇ်ရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး ဂုဏ်ယူဝံ့ကြွားဆုံးစစ်သည်ဖြစ်တယ်ဆိုတာကို လူတိုင်းသိနေကြသည်. Lucius က လိုအပ်တာမှန်သမျှအားလုံးလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေသည်.

Sir Ainno က သူ့ခေါင်းကိုရမ်းကာ ငြင်းခုန်လိုက်သည်.

"အရှင်နဲ့ ငြင်းခုန်ရတာကို ကျွန်တော်သဘောမကျပေမဲ့ Marquess က ဒီလိုမျိုး ကျဆုံးလိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး"

မဟုတ်ဘူး!

ဒီလိုဖြစ်လို့မရဘူး!

Lucius က ဒီအချက်ကို ငြင်းဆန်ချင်ပေမဲ့ Sir Ainno က သူ့ခေါင်းကို ထပ်ရမ်းလိုက်သည်. တကယ်လို့ Poliana သာ ဧကရာဇ်ရဲ့အလှတရားကြောင့် ချစ်မိလာမယ်ဆိုရင် သူမက ဟိုးအရင်တည်းက ချစ်မိနေမှာဖြစ်သည်. အမှန်တော့ သူမ သူ့ကို စတွေ့တဲ့အချိန်တည်းက ဆွဲဆောင်ခံလိုက်ရမှာဖြစ်သည်.

ဧကရာဇ်က ပြန်ဖြေလိုက်သည်.

"သူမက ငါ့ကို ရူးလောက်အောင်မချစ်မိလာလဲ အဆင်ပြေပါတယ်..... အရေးအကြီးဆုံးက သူမ ငါ့ကိုတွေ့တိုင်း စိတ်ခံစားချက်တွေကောင်းနေဖို့ပဲ"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now