အခန်း ၂၂၆

40 3 0
                                    

Sir Donau နဲ့ Sir Howe တို့ကလဲ သူတို့ရဲ့ဇနီးတွေနဲ့ သဘောထားခြင်းတူညီနေသည်.

"ကျွန်တော်လဲ အဲ့လိုပဲ ထင်တယ်,အဖေ. ကျွန်တော် ကျွန်တော့်မွေးစားအစ်မရဲ့ ဆန္ဒတွေကို လေးစားရမယ်"

"ကျွန်တော်ရောပဲ အဖေ. Sir Pol က ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ချခဲ့တာမဟုတ်ဘူးဆိုတာ သေချာတယ်"

Poliana က ထက်မြက်ပြီးတော့ အရာရာကို ဂရုစိုက်တတ်တဲ့ အမျိုးသမီးဖြစ်တယ်ဆိုတာကို သူတို့က သိနေသည်. သူမအနေနဲ့ ဒီဆုံးဖြတ်ချက်မချခင်မှာ သူမလက်ထပ်ပွဲကြောင့် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေအားလုံးကို သေချာသုံးသပ်ခဲ့မယ်ဆိုတာ သူတို့က ယုံကြည်ခဲ့သည်. လက်တွေ့မှာတော့ Poliana က ဒီဟာကို အလောတကြီးဆုံးဖြတ်ချက် ချခဲ့တာဖြစ်သည်. တကယ်လို့ သူမသာ Sir Bika ရဲ့ ခွေးကို မွေးဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့မိရင်, သူမက လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက် ချမိမှာမဟုတ်ပေ. သူမက အထီးကျန်နေတဲ့ခံစားချက်ကြောင့် စိတ်လှုပ်ရှားလွယ်နေကာ ဒီအချက်က Frau အတွက် အမြတ်ရသွားစေသည်. အဲ့နေ့က သူ့ရဲ့ ကံကောင်းတဲ့နေ့ဖြစ်သွားသည်.

အဆုံးမှာတော့ စားပွဲမှာရှိတဲ့ လူတိုင်းက Poliana ရဲ့ ဆုံးဖြတ်ချက်ကို လေးစားသင့်တယ်လို့ သဘောတူလိုက်ကြသည်. အနေရခက်နေတဲ့ Sir Deke ကတော့ စကားအများကြီး မပြောမိတော့ပေ. ကြည့်ရတာ Frau က Poliana ကို သူမရဲ့ ပိုက်ဆံတွေကြောင့် လက်ထပ်ချင်တာဆိုတဲ့ ကြေငြာချက်ကို သူတစ်ယောက်တည်း သိနေပုံရသည်. ဒီလူတွေက ဒီအကြောင်းကို မသိတာ ပိုကောင်းလိမ့်မည် မဟုတ်ရင်တော့ သူတို့က ပိုပြီးတော့တောင် စိတ်မကောင်း ဖြစ်သွားနိုင်သည်.

Vanessa နဲ့ Vaxi တို့က ခေါင်းငြိမ့်လိုက်ကြသည်.

"Sir Pol က သူမနဲ့ သက်တူရွယ်တူတစ်ယောက်နဲ့ လက်ထပ်မှာဆိုတော့ ကျွန်မတို့ ဝမ်းသာရမှာပေါ့"

"ဟုတ်တယ်. သူမက အသက်ငယ်တဲ့သူကို လက်မထပ်ချင်ဘူးလို့ ပြောဖူးတာ မှတ်မိသေးတယ်"

Poliana က သူ့ရဲ့အချစ်ဦးဖြစ်ခဲ့ဖူးတာကို သတိရလိုက်တာကြောင့် Sir Donau က အနည်းငယ်ဝမ်းနည်းသွားပေမဲ့ သူမနဲ့ပတ်သက်တဲ့ သူ့ခံစားချက်တွေက မှတ်ဉာဏ်တစ်ခုအဖြစ်သာ ရှိတော့သည်. သူက သူ့ဇနီးနဲ့ သူ့သမီးကို ချစ်ခင်မြတ်နိုးသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now