အခန်း ၂၈၇

49 2 0
                                    

Sitrin ရဲတိုက်က အလုပ်သမားတွေက သူမလာလည်မဲ့အကြောင်းကို ကြားတုန်းကတော့ သူတို့က စိတ်ပူခဲ့ကြပေမဲ့ Poliana လဲ ရောက်လာရော သူတို့ရဲ့အသုံးဝင်မှုကို သက်သေပြနိုင်မဲ့ အခွင့်အရေးရလာတာကြောင့် သူတို့က ပျော်နေကြသည်.. အရာရှိတွေက သူမနဲ့အလုပ်လုပ်ဖို့ တက်ကြွနေတာကြောင့် Poilana ကို အလုပ်များလာစေသည်.

Poliana မှာ စိတ်ပူစရာတွေရှိပေမဲ့ သူမတာဝန်ကနေတော့ မရှောင်ရှားခဲ့ပေ. သူမရဲ့ဧကရာဇ်လိုပဲ သူမက အလုပ်သောင်းကျန်းသူဖြစ်သည်. Sitrin ကို အနားယူဖို့ လာခဲ့ပေမဲ့ သူမက ထိုင်ဖို့တောင် အချိန်မရနိုင်ပေ. ဒါပေမဲ့လဲ Poliana က စိတ်ထဲ မထားပေ. သူမက စာရွက်စာတမ်းအတုလုပ်ဖို့လိုနေပြီး ဒီလိုလုပ်ဖို့အတွက် ဒေသခံအရာရှိတွေနဲ့ အလုပ်သမားတွေဆီကနေ အကူအညီလိုအပ်မှာ ဖြစ်သည်.

အရာရှိတွေရဲ့ တောင်းဆိုချက်တွေကို အဆင့်ဆင့်ခွဲခြမ်းကာ လုပ်ဆောင်ခဲ့သည်. သူမက အနားယူဖို့ လာခဲ့တာဖြစ်ပေမဲ့ သူမနဲ့အဖော်လိုက်လာတဲ့ စစ်သည်တွေကသာ အနားယူနေကြသည်. သူတို့က ရေပူစမ်းတွေမှာ ရေစိမ်ခဲ့ကြပြီး စားကောင်းသောက်ဖွယ်တွေစားသုံးကာ အချိန်ကုန်ခဲ့ကြသည်. သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့အတွက်လောက်သာ လေ့ကျင့်ရေးလုပ်ခဲ့ကြသည်.

တော်ဝင်စစ်သည်အများစုက အရည်အချင်းရှိပြီး ကြည့်ကောင်းကြကာ ကောင်းမွန်တဲ့မိသားစုတွေကနေ ဆင်းသက်လာတာဖြစ်သည်. Sitrin က အမျိုးသမီးတွေက မြို့တော်ကနေ ရောက်လာတဲ့ စစ်သည်တွေကို နှစ်သက်သဘောကျနေကြသည်.

အမျိုးသမီးတွေရဲ့ အသိအမှတ်ပြုတာကို ခံရတာကြောင့် လူငယ်လေးတွေက ပျော်ရွှင်နေကြသည်.

"ဒါက နိဗ္ဗာန်ဘုံပဲ"

"ငါတို့တော့ Yapa ကိုတောင် ပြန်မသွားချင်တော့ဘူး"

တော်ဝင်အစောင့်တွေက Yapa မှာလဲ အများသူငါရဲ့ လေးစားမှုကို ခံရပေမဲ့ မြို့တော်မှာက စစ်သည်တွေ အများကြီးရှိနေတာဖြစ်သည်. Sitrin မှာတော့ တော်ဝင်စစ်သည်တွေက လူနည်းစုဖြစ်နေသည်. သူတို့က Sitrin ရဲတိုက်မှာနေတဲ့ တော်ဝင်စစ်သည်တွေဖြစ်တာကြောင့် ဒေသခံတွေက သူတို့အနားမှာ နေခွင့်ရဖို့ စိတ်လှုပ်ရှားနေကြသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now