အခန်း ၃၄၆

34 2 0
                                    

"အဲ့တာဆိုလဲ အရှင်က ပိုနားလည်အောင် ရှင်းပြခဲ့သင့်တာလေ. အခု ပွင့်ပွင့်လင်းလင်းပြောရအောင်. တကယ်လို့ ယောက်ျားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို အဝတ်အစားတွေဆင်ပေးတယ်. ညစာအတူစားဖို့ တောင်းဆိုတယ် ပြီးတော့ သူမကို အိပ်ခွင့်မပေးဘူးလို့ ပြောတယ်. ဒါဆို ကျွန်မထင်သလိုပဲ လူတိုင်းထင်ကြမှာပဲ.. ငါပြောတာ မှန်တယ်မလား?"

Poliana က ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ နားနေဆောင်နားမှာ ပုန်းနေကြတဲ့ တီးဝိုင်းသမားတွေကို မေးလိုက်သည်. သူတို့က အချိန်အတော်ကြာအောင် အဆင်သင့်စောင့်နေခဲ့တာဖြစ်သည်. သူတို့က ဧကရာဇ်နဲ့ Poliana တို့ စတင်ကမဲ့အချိန်မှာ တီးလုံးတွေကို စတင်တီးခတ်ရမှာဖြစ်ပေမဲ့ ကြည့်ရတာ ကိစ္စတွေက သူ့အစီအစဉ်အတိုင်း ဖြစ်လာပုံမရပေ. အတီးအခတ်သမားတွေ အားလုံးက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်.

"တွေ့လား? အရှင်လုပ်ခဲ့တာတွေနဲ့ ပြောခဲ့တာတွေကိုက နားလည်မှုလွဲစေတာ. ကျွန်မ အရှင့်ကို နားလည်မှုလွဲခဲ့တာ အံ့ဩစရာမရှိဘူး"

"ဒါပေမဲ့ ငါ့ဘက်က ရိုးသားခဲ့တယ်! ငါ မင်းကို အဲ့လိုမျိုး ဖိအားပေးမယ်လို့ မင်းထင်နေတုန်းပဲလား? အပြင်ဘက်ကြီးမှာလေ?!"

Lucius က ထိတ်လန့်တုန်လှုပ်ကာ ယိမ်းယိုင်သွားသည်. သူက အတီးအခတ်သမားတွေအားလုံးကို ထွက်သွားဖို့ အမိန့်ပေးလိုက်ပြီး ကျောက်ခုံပေါ်ကို မှီလိုက်သည်. သူမက ရှက်သွားခဲ့တာကြောင့် အသည်းအသန် ငြင်းခုန်ခဲ့တဲ့ Poliana က သူမစကားတွေအတွက် နောင်တရသွားသည်.

'သူ ငါ့ကို စိတ်ဆိုးသွားပြီ ထင်တယ်..'

သူမက ဧကရာဇ်ရဲ့ အနီးကပ်ကိုယ်ရံတော်အဖြစ် အချိန်အတော်ကြာ အမှုထမ်းခဲ့တာကြောင့် အခုအချိန်မှာ သူ့ကို မနှစ်သိမ့်ဘူးဆိုရင် Lucius က ရက်ပေါင်းအတော်ကြာတဲ့အထိ ဆူပုတ်နေတော့မှာကို သူမ သိနေသည်. သူ့ခံစားချက်တွေ ပိုကောင်းလာစေဖို့ အကောင်းဆုံးနည်းလမ်းက သူ့ကို ချီးမြှောက်ပြောဆိုဖို့ပဲဖြစ်သည်.

"အ-အရှင်.. အရှင်က တီးဝိုင်းတောင် ပြင်ဆင်ထားမယ်လို့ မထင်ထားဘူး. အရမ်းကဗျာဆန်တာပဲ.. ကျွန်မ တကယ်ကြီး အထင်ကြီးသွားတယ်"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now