အခန်း ၃၁၅

44 6 0
                                    

Lucius နဲ့ Poliana တို့ရဲ့ မူရင်းအကြောင်းအရာကိုက အံ့ဩမှင်သက်ကောင်းစရာဖြစ်ပြီးသားဖြစ်ပေမဲ့ ဇာတ်ကြောင်းပြောသူတွေနဲ့ ကဗျာဆရာတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းအောင်လို့ မလိုအပ်တဲ့ အသေးစိတ်အကြောင်းအရာတွေကို ထပ်မံဖြည့်စွက်ထားကြသည်. Yapa ကလူတွေကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အံ့အားသင့်နေကြသည်.

Poliana က အံကြိတ်ကာပြောလိုက်သည်.

"F*ck! ဒီမှာ ဘာတွေဖြစ်နေကြတာလဲ?!"

တံခါးစောင့်က သူမရှေ့မှာ ရှက်ရွံ့သလိုဖြစ်နေတာကို သူမနားလည်သွားသည်. တံခါးစောင့်က သူ့ခံတွင်းနံ့ဆိုးတာကို ဖုံးကွယ်ဖို့ ဒါမှမဟုတ် အာဏာရှိတဲ့ Marquess နဲ့တွေ့ခွင့်ရတာကြောင့် သူက ဂုဏ်ယူနေတာလို့ သူမ ထင်ခဲ့ပေမဲ့ သူမ ထင်တာတွေက မှားယွင်းခဲ့သည်. သူက မပြုံးမိအောင် ကြိုးစားနေခဲ့တာဖြစ်သည်.

'ဒါ့ကြောင့် ငါရောက်လာတာကို သိတာတောင် ဘယ်စစ်သည်ကမှ ငါ့ကို လာမနှုတ်ဆက်ကြတာလား?'

သူမက အလုပ်တာဝန်ကနေ အချိန်အတော်ကြာ ခွဲခွာနေခဲ့တာဖြစ်သည်. Sir Wook ဒါမှမဟုတ် Sir Jainno တို့က သူမကို ကိုယ်တိုင်လာတွေ့မယ်လို့ ထင်ခဲ့ပေမဲ့ ဘယ်သူကမှ ရောက်မလာခဲ့ပေ. အဲ့တုန်းကတော့ သူတို့အလုပ်များနေတာလို့ပဲ သူမထင်ခဲ့မိတာဖြစ်သည်.

သူမ ထင်တာ မှားသွားခဲ့သည်.

Sir Donau ကမေးလိုက်သည်.

"အစ်မ ဘယ်လိုလုပ်မလဲ? ကျွန်တော့် စိတ်ထင် အစ်မတော့ ချောင်းတိုက်ခံရပြီထင်တယ်"

"ငါသိတယ်... ငါ ဧကရာဇ်ကို လျော့တွက်မိတာပဲ"

စစ်ပွဲတွေမှာဆိုရင်တော့ ဘယ်ဘက်ကပဲ စပြီးလှုပ်ရှားလှုပ်ရှား လျှပ်တပြက်တိုက်ခိုက်မှုတိုင်းက အောင်နိုင်ချေများသည်. ကြည့်ရတာ ဧကရာဇ်က ဒီနည်းလမ်းကို အသုံးချခဲ့ပုံရသည်. Yapa ကို အလောတကြီးရောက်လာခဲ့တဲ့ Sir Donau နဲ့ Poliana တို့က ဧကရာဇ်ကြောင့် အံ့ဩမှင်သက်သွားမိကာ သူတို့ကိုယ်သူတို့ စိတ်ပျက်သွားကြသည်.

Poliana ရဲ့ မူလအစီအစဉ်က Yapa ကို ယုံကြည်ချက်အပြည့်နဲ့ ဝင်ရောက်ကာ ဧကရာဇ်ကို အသိမပေးပဲ ဝင်တွေ့ဖို့ဖြစ်သည်. သူမက သူ့ကို အံ့ဩအောင်လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ သူမအစီအစဉ်က အသုံးမဝင်တော့ပေ. ဧကရာဇ်က အရင်ဆုံးအကွက်ရွှေ့ခဲ့ကာ. အခုတော့ Poliana က နည်းလမ်းအသစ်တစ်ခုထပ်ရှာဖို့ အချိန်လိုနေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now