အခန်း ၂၃၂

30 4 0
                                    

Poliana က သူကမ်းပေးလာတဲ့လက်ကို ကြည့်ပြီးတော့ Sir Ainno ကို မော့ကြည့်လိုက်သည်. သူမက တွေဝေသွားကာ မေးလိုက်သည်.

"ရှင်ဘာလုပ်တာလဲ? ဒီလက်က ဘာလုပ်ဖို့လဲ?"

"ကချင်လား?"

"ရှင်က? ကျွန်မနဲ့? ကဖို့? ရှင်က ကျွန်မနဲ့ ကချင်တာလား? တကယ်ကြီးလား? ဒါပေမဲ့ Layd Cekel ကဘယ်လိုလုပ်... ဪ"

Lady Cekel က ဒီနေ့ပွဲမှာ Lady Tory ရဲ့ အကူအဖြစ်နဲ့ ရှိနေတာကြောင့် သူမက သူမသခင်မဘေးနားကနေ ခွာခွင့်မရှိပေ. တကယ်လို့ သူမက Lady Tory ဆီမှာ ခွင့်ကြိုတောင်းခဲ့ရင်တော့ သူမက ပွဲကို ဧည့်သည်အနေနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပေမဲ့ အဲ့အစား သူမက ဧကရာဇ်ရဲ့မွေးနေ့ပွဲမှာ အလုပ်လုပ်ဖို့အတွက် စာရင်းပေးခဲ့သည်. သူမက Sir Ainno ကြောင့်သာ အလုပ်လုပ်ဖို့ စာရင်းပေးခဲ့တာဖြစ်သည်. တကယ်လို့ သူမသာ ပွဲကို ဧည့်သည်အဖြစ်နဲ့ တက်ရောက်ခဲ့မယ်ဆိုရင်တော့ သူမက သူမနဲ့ တရားဝင်မစေ့စပ်ရသေးတဲ့ သူနဲ့အတူ ကကာ စကားပြောနေရမှာ ဖြစ်သည်.

Sir Ainno က Poliana ကို ပြောလိုက်သည်.

"မင်း သတို့သားရဲ့ သတို့သားအရံအဖြစ် လုပ်ပေးမဲ့အစား ငါ မင်းနဲ့အတူ ကပေးမယ်လေ မကောင်းဘူးလား? အဲ့တာဆိုရင် ငါ့ကတိအတွက် ရလောက်ပြီမလား?"

"ရှင်ဘာတွေပြောနေတာလဲ? ရှင်ကတိပေးပြီးသားလေ, ကျွန်မကတော့ ရှင့်ကို အလွတ်မပေးနိုင်ဘူး. ပြီးတော့ အဲ့ကတိက ရှင်က ကျွန်မဆီကခွင့်မတောင်းပဲ ကိုယ့်သဘောနဲ့ကိုယ် ပြောလာတာလေ, ကျွန်မ တောင်းဆိုတာမှမဟုတ်တာ"

"အဲ့တုန်းက, မင်းက တခြားတစ်ယောက်နဲ့ လက်ထပ်လိမ့်မယ်လို့ ငါထင်တာလေ"

"ဘာ? ဘယ်သူနဲ့လဲ? ကျွန်မက ဘယ်သူနဲ့လက်ထပ်ရမှာလဲ?"

"အဲ့တာက ကိစ္စမရှိတော့ပါဘူး. သေစမ်း..."

Sir Ainno က သိသိသာသာကို စိတ်ရှုပ်နေပုံရသည်. သူက ထပ်ပြီးစကားမပြောချင်တော့တာ သိသာနေသည်. Poliana က အကြံပေးလိုက်သည်.

"ရှင် ဘာလို့ ရှင့်အမေနဲ့ မကတာလဲ?"

Poliana ဘေးနားမှာထိုင်နေတဲ့ Duchess Seki က တစ်ချက်တွန့်သွားကာ ပြန်ဖြေလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now