အခန်း ၂၉၈

47 3 0
                                    

တစ်ယောက်ယောက်ကို ချစ်မိသွားတာက သူ့အချိန်အခါနဲ့သူ ဖြစ်သည်. တကယ်လို့ အဲ့နေ့က တောင်စွန်းအငူမှာ Lucius နောက်မှာ ရပ်နေခဲ့တဲ့လူက ယောက်ျားတစ်ယောက်ဖြစ်ခဲ့ရင်.. တကယ်လို့ Poliana Winter က ယောက်ျားတစ်ယောက်ဖြစ်နေခဲ့ရင်.. ဧကရာဇ်က ချစ်မိသွားဦးမှာလား?

အဖြေက..

"မဟုတ်ဘူး Pol"

အဲ့နေ့က လျင်မြန်စွာနဲ့ ခုန်ပေါက်နေခဲ့တဲ့ သူ့နှလုံးခုန်သံ.. သူ့ကို လွှမ်းမိုးလာတဲ့ ပြင်းထန်တဲ့ခံစားချက်တွေ...

သူမက အဖိုးထိုက်တန်လွန်းသည်. အရမ်းအဖိုးထိုက်တန်လွန်းတာကြောင့် သူတောင်မှ သူမကို မထိရက်ပေ. တခြားယောက်ျားတစ်ယောက်က သူမဆီ ချဉ်းကပ်တာကို စောင့်ကြည့်နေရတာထက် ပိုပြီးတော့ ခက်ခဲသည်. သူမကို သူ့ဘေးအန္တရာယ်ကနေ ကင်းဝေးအောင်လို့ ထားခဲ့ပေမဲ့ သိုက်တူးသမားမြွေဆိုးတစ်ကောင်ကို သူမနဲ့ နီးစပ်သွားစေခဲ့မိသည်.

သူက သူမကို ကာကွယ်ပေးချင်ခဲ့သည်. ဘယ်သူကမှ သူမကို မထိခိုက်နိုင်အောင် ကာကွယ်ပေးချင်ခဲ့သည်. သူမကို သူ့အနီးနားမှာထားဖို့ စီစဉ်ခဲ့ပေမဲ့ ဒီအချိန်မှာတော့ သူက သူမကို ထိခိုက်နာကျင်အောင် လုပ်မိသွားသည်. Frau က သူမရဲ့မာနကိုသာ ထိခိုက်အောင်လုပ်ခဲ့တာဖြစ်ပေမဲ့ Lucius ကတော့ သူမရဲ့နှလုံးသားကို ထိခိုက်နာကျင်စေခဲ့သည်.

Lucius က တုန့်ဆိုင်းသွားကာ တုန်ယင်စွာနဲ့ သူမကို ပြောလိုက်သည်.

"ငါ မင်းငိုအောင် မလုပ်ချင်ခဲ့ဘူး Sir Pol.. ဒါပေမဲ့ ငါမှားသွားတယ်ထင်တယ်"

လက်တွေ့မဆန်တဲ့စိတ်ကူးယဉ်ပုံပြင်တွေကို ယုံကြည်တဲ့လူတွေကို ဧကရာဇ်က လှောင်ပြောင်ရယ်မောဖူးခဲ့ပြီး အခုတော့ Lucius က တူညီတဲ့အမှားမျိုးကို လုပ်မိနေသည်. သူက လက်တွေ့အခြေအနေကို မေ့လျော့သွားကာ သူ့ရဲ့သစ္စာရှိစစ်သည်ကို မျက်ရည်ကျအောင်လုပ်မိသွားသည်.

မျက်ရည်ပူတွေက Poliana ရဲ့ ပါးပြင်ပေါ်ကနေ လှိမ့်ဆင်းလာသည်. အံကြိတ်ထားတာကြောင့် သူမမေးရိုးတွေက တောင့်တင်းနေသည်. သူမကို ကြည့်ရတာ သူမဘဝရဲ့ အဆိုးရွားဆုံး အခိုက်အတန့်ကို တွေ့ကြုံနေရသလိုမျိုး ဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now