အခန်း ၂၄၄

35 2 0
                                    

Lucius က Poliana ကို သေချာပြောလိုက်သည်.

"ဒါကြောင့် မင်းငါ့ကို ပြောချင်တာတွေ ပြောလို့ရတယ်, Sir Pol. အဲ့တာက မင်းကို မထိခိုက်စေသရွေ့ မင်းဘာပဲပြောပြော ငါပျော်ပျော်ကြီးနားထောင်ပေးမှာပါ"

Poliana ရဲ့အပြုံးက လေးနက်တဲ့အမူအရာအဖြစ် ပြောင်းသွားသည်. သူမပြောမဲ့အကြောင်းအရာက ပေါ့ပေါ့ပါးပါးပြောလို့ရတဲ့အရာမဟုတ်ပေ.

"အရှင် Lady Tory နဲ့ ပတ်သက်ပြီးတော့ ဘာလုပ်မှာလဲ?"

'ဪ. အဲ့တာက'

Poliana တုန့်ဆိုင်းနေတာက အံ့ဩစရာမရှိပေ. သူမက မိသားစုအရေးဖြစ်သလို တိုင်းပြည်အရေးကိုပါ ပြောနေတာဖြစ်သည်. ဒါကြောင့် သူမက အဆင့်ကျော်တယ်လို့ ခံစားနေရတာက အဓိပ္ပါယ်ရှိသည်. Lucius က သူ့ထိုင်ခုံကို မှီလိုက်ကာ ပြန်ဖြေလိုက်သည်.

"မင်းကို စခေါ်ခဲ့တုန်းက..."

သူတို့ အတိတ်အကြောင်းတွေ မပြောဖြစ်တာ တော်တော်လေးကြာခဲ့ပြီဖြစ်သည်. ဒါက စကားကြောရှည်တော့မှာကို သတိပြုမိလိုက်တာကြောင့် Poliana က ထိုင်ခုံမှာ ထိုင်ချလိုက်သည်. ဧကရာဇ်က ဆက်ပြောလာသည်.

"အဲ့တုန်းက ငါက လိုအပ်ချက်တွေရှိနေတဲ့ အုပ်ချုပ်သူဖြစ်ခဲ့တာ. ငါ အများကြီးမသိခဲ့ဘူး. အဲ့ဒီအချိန်က ငါ Acreia ကနေ ပထမဆုံးထွက်လာတဲ့အချိန်ဖြစ်တယ်. အဲ့တာက ငါ့ရဲ့ပထမဆုံး တိုက်ပွဲပဲ ပြီးတော့ ငါက အရာအားလုံးကို ပြီးပြည့်စုံအောင်လို့ လုပ်ချင်ခဲ့တယ်. အခုတော့ အဲ့တာတွေက မလိုအပ်ခဲ့ဘူးဆိုတာ ငါသိလိုက်တယ်. ငါက တော်တော်လေး တုံးအခဲ့တာပဲ"

"အရှင်က အဲ့အချိန်တုန်းတည်းက ပြီးပြည့်စုံခဲ့တာပါ!"

Lucius ကို အလွန်အမင်းမြှောက်ပင့်ပြောဆိုတာက ကောင်းတဲ့အကြံဉာဏ်မဟုတ်ပေ. သူက သူ့လက်ကို ရမ်းပြလိုက်တော့ Poliana က ငြိမ်နေလိုက်သည်. ဧကရာဇ်က ဆက်ပြောလာသည်.

"အရိုးသားဆုံးပြောရရင် မင်းကို ငါ ခေါ်ခဲ့ရတဲ့အကြောင်းက လူတွေထင်ထားတာနဲ့ မတူဘူး. ငါဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာကို ငါမြင်ချင်ခဲ့တယ်. လူတွေကို ပြချင်ခဲ့တယ်. ငါက ရန်သူ့တိုင်းပြည်ရဲ့ စစ်သည်တစ်ယောက်ကိုတောင် ခေါ်ထားနိုင်အောင် သဘောထားကြီးမြတ်ပြီးတော့ ဩဇာအာဏာရှိတဲ့သူဖြစ်ချင်ခဲ့တယ်. ငါက အမျိုးသမီးစစ်သည်တစ်ယောက်ကို လက်ခံပေးနိုင်တဲ့ ဧကရာဇ်တစ်ပါးဖြစ်ချင်ခဲ့တယ်. ဒါကြောင့် မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး. ငါက ကြီးကျယ်မြင့်မြတ်တဲ့သူမဟုတ်ခဲ့ဘူး. အခုထိလဲ မဟုတ်သေးဘူး. တကယ်တော့ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ. ငါ မင်းဆီကနေ အများကြီး သင်ယူခဲ့ရတယ် Sir Pol"

Emperor and the Knightness (Zawgyi) Book - 2Waar verhalen tot leven komen. Ontdek het nu