အခန်း ၂၇၆

40 3 0
                                    

Poliana က အရှက်ရမိသွားကာ သူမ မျက်နှာကို ကာလိုက်သည်. သူမအနေနဲ့ ဧကရာဇ်ရဲ့မျက်နှာကို ကြည့်ရဲစရာအကြောင်းမရှိပေ. သူမက ဆာလောင်မွတ်သိပ်မှုတွေနဲ့ ပြည့်နေတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးမဟုတ်ပေမဲ့ Poliana က အဲ့ညအကြောင်းစဉ်းစားနေမိတာကို မရပ်တန့်နိုင်ပေ. သူမက ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမှတ်မိလာစေဖို့ မျှော်လင့်နေပြီး တကယ်လို့ သူမ မှတ်မိခဲ့ရင် အနည်းဆုံးတော့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို အတိအကျသိနိုင်သေးသည်. ဒါပေမဲ့ သူမက ဝိုးတဝါးဖြစ်နေကာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို အတိအကျမမှတ်မိပဲ သူမဘယ်လိုခံစားခဲ့ရလဲဆိုတာကိုပဲ မှတ်မိနေသည်. ပြီးတော့ သူမ ခံစားခဲ့ရတာက... ဝန်ခံရမှာ ရှက်စရာကောင်းပေမဲ့ သူမ ခံစားလို့ကောင်းခဲ့တာကိုတော့ မှတ်မိနေသည်.

'သေစမ်း! အဲ့တာက အရမ်းကောင်းတယ်လို့ ငါထင်တာပဲ'

တကယ်လို့ စိတ်ပျက်စရာအတွေ့အကြုံသာ ဖြစ်ခဲ့ရင်တော့ သူမက ဒီအကြောင်းကို မေ့ပစ်လိုက်ဖို့သာလိုသည်. အထူးသဖြင့် Lucius က ဘာမှမဖြစ်ခဲ့သလိုမေ့ပစ်ဖို့ အမိန့်ပေးခဲ့တာကြောင့် သူမက မေ့ပစ်လိုက်ဖို့ လိုသည်. ပြဿနာက... ဒီအဖြစ်အပျက်က ထိတ်လန့်အံ့ဩစရာကောင်းတဲ့ ကိစ္စဖြစ်တာကြောင့် သူမက မေ့လို့မရနိုင်တာ ဖြစ်နိုင်သည်.

သူတို့နှစ်ယောက်လုံးက မေ့ပစ်ဖို့ သဘောတူခဲ့ပေမဲ့ သူတို့ မလုပ်နိုင်ဘူးဆိုတာကိုလဲ သူတို့ သိနေသည်. Lucius ရော Poliana ပါ အဲ့ညကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပေ. သူတို့က အဲ့ညကို မေ့ပစ်လိုက်ဖို့ လိုနေပြီး တကယ်လို့ သူတို့ မမေ့ပစ်နိုင်ခဲ့ရင် သူတို့က တစ်ယောက်ကိုတစ်ယောက် ဆုံးရှုံးသွားနိုင်သည်. သူတို့ဆက်ဆံရေးက ပျက်စီးသွားနိုင်တာကြောင့် မေ့ပစ်ဖို့ကြိုးစားတာက အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ သူတို့နှစ်ယောက်လုံး ယုံကြည်ခဲ့သည်.

'အရမ်းနောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး. ငါ ဒီကိစ္စကို မစဉ်းစားတော့တာ ပိုကောင်းမယ်'

အမှန်ကတော့ အရမ်းနောက်ကျနေပြီဖြစ်ပေမဲ့ Poliana ကတော့ ဒီကိစ္စကို မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်သည်. သူမက စိတ်ဓါတ်မာကြောသူဖြစ်တာကြောင့် ဒီလိုလုပ်ဖို့ သူမအတွက် မခဲယဉ်းပေ. သူမ ယုံကြည်ချင်တာကိုပဲ အမြဲတမ်းယုံကြည်ခဲ့ကာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့လဲ ဒီလိုပဲလုပ်ဖို့ လိုအပ်တာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now