အခန်း ၂၅၉

45 5 0
                                    

Poliana နဲ့ Lucius တို့က တည်းခိုခန်းမှာထားခဲ့တဲ့ သူတို့ပစ္စည်းတွေကို သွားယူလိုက်သည်. အချိန်က နောက်ကျနေပြီဖြစ်ပြီး အနီးစပ်ဆုံးမြို့မှာ တည်းခိုခန်းမရှိပေ. ဒါကြောင့် သူတို့က ပိုဝေးတဲ့ ရွာကို သွားရမှာဖြစ်ကာ အဲ့ဒီကို နေမဝင်ခင်ရောက်ဖို့အတွက် သူတို့က အမြန်သွားဖို့ လိုနေသည်.

တောင်ပေါ်ဒေသမှာ နေဝင်ချိန်က ပိုစောသည်. ဒီဒေသတစ်ဝိုက်မှာရှိတဲ့ ရွာတွေက တောရိုင်းတိရစ္ဆာန်နဲ့ သူစိမ်းတွေရဲ့ရန်ကနေ ကာကွယ်ဖို့ တည်ဆောက်ထားတာဖြစ်သည်. မြို့တိုင်းမှာရှိတဲ့ ဝင်ပေါက်တွေကို ညပိုင်းတွေမှာ ပိတ်ထားတတ်ကြသည်.

အထက်တန်းလွှာတွေကတော့ သူတို့ရဲ့အထက်တန်းလွှာအဆင့်ကို သက်သေပြနိုင်ရင် မြို့တံခါးပိတ်ပြီးရင်တောင်မှပဲ သူတို့က မြို့ထဲဝင်လို့ရသည်. ဒါပေမဲ့ ဒါက အချိန်ကုန်တဲ့ကိစ္စ ဖြစ်တာကြောင့် အရမ်းမမှောင်ခင်မှာ မြို့ထဲရောက်သွားတာက အကောင်းဆုံးဖြစ်သည်.

ဧကရာဇ်က တိတ်တိတ်လေး မြင်းစီးနေသည်. သူက အမြန်သွားဖို့လိုအပ်နေတာမဟုတ်ပဲ သူ့ရဲ့ခရီးသွားဖော်က စကားပြောဖို့ စိတ်မဝင်စားတာကြောင့် ဖြစ်သည်. Poliana ဘယ်လောက်ထိ ဝမ်းနည်းနေလဲဆိုတာကို သိရဖို့အတွက် သူက သူမကို ကြည့်နေစရာမလိုပေ. သူ့ရဲ့အသွေးအသား အရေပြားတွေကတောင် သူမဘယ်လောက်ဝမ်းနည်းနေကြောင်းကို ခံစားသိနေနိုင်သည်.

Poliana ဒီလောက်ဝမ်းနည်းထိခိုက်ခဲ့တာ ဘယ်အချိန်တုန်းကဖြစ်မလဲ? ဘယ်တုန်းကမှ မရှိခဲ့ဘူး... Poliana ထိခိုက်ကြေကွဲပြီး ယုံကြည်မှုပျောက်ဆုံးခဲ့တဲ့အချိန်ကို Lucius မစဉ်းစားနိုင်ပေ. Yapa ကို ပြန်ရောက်ရောက်ချင်း သူဘာကို အရင်ဆုံးလုပ်ရမလဲဆိုတာကို ဧကရာဇ်သိနေသည်.

ကလဲ့စားချေရမယ်!

Frau အတွက် Poliana ရဲ့အပြစ်ပေးမှုက သက်သာလွန်းသည်. အဲ့တာက Lucius ကို ကျေနပ်နှစ်သိမ့်စေလောက်တဲ့အထိ မဖြစ်ခဲ့ပေ. သူက ဒီ့ထက်ပိုပြီး အပြစ်ပေးချင်နေပေမဲ့ ဧကရာဇ်က Poliana ရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ လိုသည်. ရွာမှာတုန်းက သူတစ်ခုခုလုပ်ခဲ့မိရင် အဲ့တာက Poliana က အားနည်းတယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားနိုင်သည်. တကယ်လို့ အနာဂတ်မှာ သူက Frau ကို ထပ်ပြီးတော့ အပြစ်ပေးခဲ့ရင်လဲ ဒါက Poliana က သဘောထားနူးညံ့တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားနိုင်ပြန်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now