အခန်း ၃၀၉

43 6 0
                                    

Sir Donau ရဲ့ ငြင်းခုန်မှုကြောင့် Poliana က စိတ်ရှုပ်လာသည်. Sitrin ကနေ Luciusထွက်သွားပြီးတည်းက သူမက ဒီအကြောင်းကို အမြဲတမ်းစဉ်းစားနေခဲ့တာကြောင့် ဧကရာဇ်ရဲ့စကားတွေက ဖြူစင်တဲ့လိမ်ညာမှုဆိုတာကို သူမ ယုံကြည်နေသည်.

"နားထောင် Donau. ငါတို့ဧကရာဇ်က အရမ်းကြင်နာတတ်တယ်"

"ဟုတ်တယ်"

"ပြီးတော့ သူနဲ့ငါက ငါတို့မလိုချင်တဲ့လက်ထပ်မှုတစ်ခုလုပ်ဖို့ ဖိအားပေးခံရတာ. အဲ့တာတွေအကုန်လုံးက ငါ့အမှားတွေပဲ ဟုတ်တယ်မလား? ဒါဆို သူက ဘယ်လောက်စိတ်ပျက်ပြီးတော့ သက်ပြင်းချနေမလဲဆိုတာကို စဉ်းစားကြည့်ရေ. ဟုတ်တယ်ဟုတ်? ပြီးတော့ အရှင်က ဘယ်လောက်နားလည်မှုရှိလဲဆိုတာကို ငါတို့သိနေတာပဲလေ သူက ငါ့ခံစားချက်တွေ ပိုကောင်းလာအောင်လို့ ညာနေတာလို့ နင်မထင်ဘူးလား? သူက ငါ့ရဲ့ခံစားချက်တွေနဲ့ မာနတွေကို ထောက်ထားပေးမယ်လို့ ပြောခဲ့တာ"

"ဒါပေမဲ့ ဒါက အစ်မရဲ့ ယူဆချက်လေ. အဲ့တာထက်မပိုဘူး. ကျွန်တော်သိတဲ့ ဧကရာဇ်က အရမ်းကြင်နာတတ်တာမှန်တယ် ဒါပေမဲ့ သူက 'အစ်မဖြစ်နေရင်တောင်' တစ်စုံတစ်ယောက်ရဲ့ခံစားချက် ပိုကောင်းလာအောင်လို့ မှားယွင်းတဲ့အချစ်ဝန်ခံချက်မျိုးကို လုပ်မဲ့သူမျိုးမဟုတ်ဘူး"

"Gosh, Donau. နင် တော်တော်လေး ခေါင်းမာတာပဲ. ငါက ဒီအတိုင်း အရှင့်ရဲ့ စစ်သည်တွေထဲက တစ်ယောက်မှ မဟုတ်တာ. ငါက တခြားသူတွေထက် သူနဲ့ ပိုပြီး ရင်းနှီးတယ်လေ!"

"အဲ့တာကြောင့်ပဲ သူက ဒီလိုမျိုးလိမ်မဲ့သူ မဟုတ်တာပေါ့"

"ပုံမှန်ဆိုရင်တော့ သူလိမ်မှာမဟုတ်ဘူး.. ဒါပေမဲ့ ဒီကိစ္စက အထူးဖြစ်ရပ်လေ"

သူမအကြောင်းပြချက်တွေက ခိုင်လုံနေတယ်လို့ Poliana က သေချာနေသည်. သူမပါးစပ်တွေ စိုသွားအောင် ရေတစ်ငုံသောက်လိုက်သည်. သူမမွေးစားမောင်နဲ့ ဒီလိုအကြောင်းအရာကို ပြောနေရတာကြောင့် သူမက ရှက်မိလာကာ သူမနှုတ်ခမ်းတွေကို ကိုက်လိုက်သည်.

Sir Donau က တိတ်တိတ်လေးနဲ့ Poliana ကို စောင့်နေသည်. ဒါက အရမ်းကို လေးနက်ပြီးတော့ အထိမခံတဲ့အကြောင်းအရာဖြစ်ပြီး ဒီညတစ်ညလုံးကုန်သွားပါစေ သူက ဒီကိစ္စကို အောက်ခြေအထိ အကုန်အစင်သိအောင် လုပ်ရမှာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now