အခန်း ၂၉၇

52 5 0
                                    

"ကလေးတစ်ယောက်မွေးတာက အရမ်းခက်ခဲပင်ပန်းတဲ့ကိစ္စတစ်ခုလေ.. ဒီအရာတွေ အားလုံးကို မင်းနားမှာ မိသားစုဝင်တွေ တစ်ယောက်မှမရှိပဲနဲ့ မင်းတစ်ယောက်တည်း လုပ်ခဲ့ရတာ.. တကယ်လို့ ငါ သိခဲ့လို့ရှိရင် မင်းအနားကနေ ငါ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး Pol"

"အမှန်အတိုင်းပြောရရင် ကျွန်မလဲ နည်းနည်းတော့ ကြောက်ခဲ့မိတယ် အရှင်"

သူ့ကို အားတက်သရော ခေါင်းငြိမ့်ပြလာတဲ့ Poliana ကို Lucius က ချစ်ခင်နှစ်သက်စွာနဲ့ ကြည့်နေသည်. ဒီလိုအချိန်မျိုးမှာ Poliana နဲ့ ဧကရာဇ်က လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်နေသည်. Poliana က ဧကရာဇ်အရှေ့မှာ သူမစိတ်တိုင်းကျ ပြုမူနေနိုင်သည်. တခြားသူတွေကို ဖွင့်ဟပြောလို့မရတဲ့ အရာတွေကို သူ့ကို ပြောပြနိုင်သည်.

Poliana က စိတ်ပူပင်နေခဲ့ပြီး အခု Lucius က သူတို့ရဲ့အခြေအနေကို နားလည်ပေးတာကို မြင်လိုက်ရတော့ သူမက စိတ်သက်သာရာရသွားသည်. အရမ်းစိတ်ပူခဲ့မိတဲ့အတွက် အနည်းငယ်ရီစရာကောင်းနေတယ်လို့တောင် ခံစားလိုက်ရသည်. သူမက အစတည်းက သူ့ကို အားလုံးပြောပြခဲ့သင့်တာ..

အခု သူတို့ဆီမှာ ကလေးတစ်ယောက်ရှိလာပြီဖြစ်တာကြောင့် သူတို့က လက်ထပ်ရတော့မှာဖြစ်ပေမဲ့ Poliana က ဧကရာဇ်ရဲ့ ဇနီး မဖြစ်ချင်ပေ.. Lucius ကလဲ သူမကို ဇနီးတစ်ယောက်အဖြစ် မလိုအပ်လောက်ဘူးလို့ ထင်လိုက်သည်. သူတို့နှစ်ယောက်လုံးက သေချာစဉ်းစားလိုက်ရင် အဖြေတစ်ခုရကောင်းရလာနိုင်သည်. တကယ်လို့ အဖြေမရခဲ့ရင်တော့ သူတို့က လက်ထပ်လိုက်ဖို့ လိုနေသည်. သူမသိထားတဲ့ ဧကရာဇ်က သူမကို လေးစားပြီးတော့ သူမကို ကူညီဖို့ အစီအစဉ်ရှိလောက်သည်.

"ဟီးဟီးဟီး"

Poliana က ရယ်လိုက်တော့ ဧကရာဇ်က ပြုံးမိသွားသည်. သူက အခန်းထဲကို ဝေ့ဝိုက်ကြည့်ကာ နွေးထွေးတဲ့ မီးလင်းဖိုတစ်ခုနဲ့ အဲ့အရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်သည်. သူချစ်တဲ့ အမျိုးသမီး. သူမရဲ့ မျက်ကွင်းညိုတွေက ကြောက်စရာကောင်းနေပြီး သူမရဲ့အသားအရေတွေက ကြမ်းတမ်းနေပေမဲ့ သူမပါးပြင်တွေမှာ ရှက်သွေးဖြာနေကာ သူမရဲ့ မျက်ဝန်းတွေကတော့ တောက်ပလျက်ရှိနေသည်. သူနဲ့တူတဲ့ကလေးကလဲ အနီးနားက ပုခက်ထဲမှာ နှစ်ခြိုက်စွာနဲ့ အိပ်ပျော်နေကာ အခန်းထဲမှာ နွေးထွေးငြိမ်းချမ်းမှုတွေနဲ့ ဖုံးလွှမ်းနေသည်. သူ့မျက်လုံးတွေကို မှိတ်လိုက်တော့ ချိုမြတဲ့မွှေးရနံ့တွေက သူ့ကို နှုတ်ဆက်လာသည်. မွေးကင်းစကလေးတစ်ယောက်နဲ့ သင်းပျံ့တဲ့ နို့အနံ့.. ဧကရာဇ်က Poliana ဆီကနေလဲ သူ့ရဲ့အငွေ့အသက်တွေကို ခံစားလို့ရနေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now