အခန်း ၃၁၄

44 6 0
                                    

Poliana က မျက်မှောင်ကြုံ့သွားကာ သူမမျက်နှာက ရှုံ့တွလာသည်. သူမက စိတ်ကူးယဉ်ဝတ္ထုတွေကို ဖတ်လေ့မရှိတာကြောင့် သူမရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကို သူမ မသိပေ..

'အခုကစပြီးတော့ အမျိုးသမီးတွေဖတ်တဲ့ ဝတ္ထုတွေစဖတ်မှပဲ'

"ပထမဆုံး, ငါ ဧကရာဇ်နဲ့ လက်ထပ်လိုက်မယ်"

Poliana အကြောင်း ကောင်းကောင်းသိနေတဲ့ Sir Donau က သူမရဲ့စကားကို ပြီးအောင်ဆက်ပြောလိုက်သည်.

"ပြီးရင် အစ်မက သူနဲ့ ကွာရှင်းမယ်လေ. ကောင်းတယ်. ကောင်းတယ်... ကျွန်တော်သိပြီ. အစ်မကလေ ဘာလို့ဒီလောက်ထိတုံးအနေတာပဲ.... အရမ်းရယ်ရတာပဲ.. အခုကစပြီးတော့ အစ်မရဲ့ နာမည်ပြောင်က 'တုံးအတဲ့စုန်းမ' ဖြစ်သင့်တာ"

"ငါ့ကို ဟာသလုပ်မနေနဲ့"

"အစ်မဘက်ကနေပဲ စဉ်းစားနေတာကို ရပ်ပြီးတော့ အရှင့်ဘက်က အခြေအနေကိုလဲ ထည့်စဉ်းစားဦးလေ. သူက အစ်မကိုချစ်မိနေတာ. ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူက အစ်မကို ဖွင့်မပြောနိုင်ခဲ့ဘူး. ဒါပေမဲ့ မထင်မှတ်ပဲ သူက အစ်မနဲ့ အိပ်မိသွားတယ်.. ပြီးတော့ အစ်မကလဲ သူ့ကလေးကို မွေးပေးလိုက်တယ်... အခု သူက အစ်မကို လက်ထပ်ခွင့်ရလိုက်ပြီလေ! အရှင်က ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ်လို့များ အစ်မ ထင်နေတာလား?"

"ငါ့ကို မကွာရှင်းပေးရင် ငါသူ့ကို မုန်းလိုက်မယ်လို့ ပြောလိုက်ရင်ရော?"

Sir Donau က ချောင်းဟန့်ကာ မေးလိုက်သည်.

"ဘာရယ်? အစ်မက သုံးနှစ်ကလေးလား ဘာလား? ပြီးတော့ အစ်မက ဧကရာဇ်ကို တကယ်ရော မုန်းနိုင်လို့လား?"

"ဟင်အင်း, ငါ မမုန်းနိုင်ဘူး.. ငါက သူ့ကို ဘယ်လိုလုပ်မုန်းတီးနိုင်မှာလဲ?"

သူမမိဘအရင်းတွေကိုတောင် သူမ မုန်းတီးလို့ရနိုင်ပေမဲ့ Lucius ကိုတော့ ဘယ်တော့မှ မမုန်းတီးနိုင်ပေ. ဒီအချက်ကိုတော့ Poliana က သေချာနားလည်သည်. ဧကရာဇ်က သူ့အချစ်တွေကို ဖွင့်ဟဝန်ခံကာ သူမကို ဝမ်းနည်းအောင်လုပ်ခဲ့ပေမဲ့ ဒီအချက်ကြောင့် သူ့အပေါ်မှာထားရှိတဲ့ သူမရဲ့ယုံကြည်မှုတွေက ပျောက်ဆုံးသွားတယ်လို့ မဆိုလိုပေ. ဧကရာဇ်က သူမအပေါ် အတင်းအကျပ်ဖိအားမပေးခဲ့သလို သူ့ကိုပြန်ချစ်ဖို့ မတောင်းဆိုခဲ့တာကြောင့် သူ့အပေါ်မှာထားရှိတဲ့ သူမရဲ့ယုံကြည်ချက်တွေ ပျောက်မသွားဘူးဆိုတဲ့အချက်က ပိုပြီး ခိုင်မာနေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now