အခန်း ၂၀၃

56 3 0
                                    

Poliana က ပြန်ဖြေဖို့ သူမပါးစပ်ကို ဟလိုက်ပေမဲ့ Sir Ainno က သူမပြောလာမှာကို မစောင့်ခဲ့ပေ. သူ့မှာ ဖြေရှင်းရမဲ့အရာတွေ အများကြီးရှိတာကြောင့် သူက တတ်နိုင်သလောက် အတိုချုံးလိုက်ဖို့ လိုနေသည်. Sir Ainno က သူမကို ပြောလိုက်သည်.

"အရှင်က မင်းကို စိတ်ဆိုးသွားလို့လား? သူ မင်းကို အော်လိုက်လို့လား? တကယ်လို့ အဲ့လိုဆိုရင်တောင်မှ ဝမ်းမနည်းပါနဲ့ သူက အရက်မူးနေလို့ပါ ဒါမှမဟုတ် အရှင်က မင်းကို သူ့အိပ်ယာထဲ ဆွဲခေါ်လိုက်လို့လား? တကယ်လို့ သူအဲလိုလုပ်ခဲ့ရင်လဲ အဲ့တာက သူမူးနေလို့ ဒါကြောင့် အဲ့တာနဲ့ ပတ်သက်ပြီး အများကြီးမစဉ်းစားနဲ့ မင်း ဒေါသထွက်တယ်ဆိုရင်လဲ သူ့ကို လက်ထပ်လိုက်ပေါ့"

Poliana ကခေါင်းငုံ့သွားသည်. သူမရဲ့ မျက်ရည်တွေကို ထိန်းချုပ်ဖို့က ပိုပြီးခက်ခဲလာသည်. သူမက တီးတိုးရေရွတ်လိုက်သည်.

"ကျွန်မ.. အဲ့တာအကုန်လုံး ကျွန်မ အမှားတွေပါ. တကယ်လို့ ရိုးရာပွဲနေ့က ရှင့်ကို ကျွန်မ မတွေ့ခဲ့မိရင် အားလုံးက အဆင်ပြေရင်ပြေသွားနိုင်မှာ. ကျွန်မ ရှင့်ကို တွေ့လိုက်လို့ ကျွန်မက အားလုံးကို ဖျက်ဆီးမိတာပဲ ဒါကြောင့် Lady Rebecca က...."

သာမာန်ကြင်နာတတ်တဲ့လူတစ်ယောက်ဆိုရင်တော့ Poliana ကို နှစ်သိမ့်ပေးမှာဖြစ်ပေမဲ့ Sir Ainno က သေချာပေါက် လူကောင်းတစ်ယောက်မဟုတ်ပေ. သူက စိတ်မရှည်တတ်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် သူက ဘာမှမစဉ်းစားပဲ သူမရဲ့ ရူးမိုက်မှုအတွက် သူမဗိုက်ကို ထိုးချလိုက်သည်. Poliana က တစ်ချက်အော်ကာ မြေကြီးပေါ်ကို ဒူးထောက်ကျသွားသည်.

ဒီလိုအချိန်မှာ သူမကို ထိုးလိုက်တာက ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာကို Sir Ainno သိပေမဲ့ သူက စိတ်မကောင်းမဖြစ်မိပေ. Poliana ပြောနေတာတွေက အခြေအမြစ်မရှိတာတွေ ဖြစ်ကြောင်း သူ့မျက်နှာမှာ ပေါ်နေသည်. Poliana က သူ့အမူအရာတွေကို သေချာမြင်နိုင်ပြီးတော့ သူမှန်တယ်ဆိုတာ အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်သည်. သူမပြောတာတွေက တကယ်ပဲ ရူးမိုက်တဲ့စကားတွေဖြစ်သည်. သူမ မတ်တပ်ရပ်လိုက်တာနဲ့ သူ့ကို ကန်ဖို့ ကြိုးစားလိုက်သည်. Sir Ainno က သူမရဲ့ တိုက်ခိုက်မှုကို အလွယ်တကူရှောင်ရှားလိုက်ကာ သူ့လက်သီးက ထပ်မြှောက်လာသည်. Poliana က သူ့ကို ချက်ချင်းတောင်းပန်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now