အခန်း ၂၈၄

40 4 0
                                    

တွေဝေတုန့်ဆိုင်းနေပုံရတဲ့ Poliana က ဆန့်မတ်လာသည်. သူမ မျက်ဝန်းထဲမှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခု ထင်ဟပ်လာပြီး သူမက ပြန်ဖြေလိုက်သည်.

"ကျွန်မ အရှင့်ဆီကို ပြန်လာမှာပါ. ကျွန်မရဲ့နေရာက အရှင့်ဘေးမှာဆိုတော့ ကျွန်မ သေချာပေါက်ပြန်လာမယ်လို့ ကျိန်ဆိုပါတယ်"

ဒါက ဧကရာဇ်ရဲ့မေးခွန်းကို အဖြေပေးလိုက်ရုံတင်မကပဲ Poliana က သူမကိုယ်သူမ ကျိန်ဆိုမှုတစ်ခုလုပ်လိုက်တာဖြစ်သည်. သူ့စစ်သည်ရဲ့ စိတ်ရင်းကို Lucius နားလည်သည်. သူမဘယ်လိုခံစားချက်ရှိတယ်ဆိုတာကို သိနေတာတောင် သူက စိတ်မပျက်မိပဲ မနေနိုင်ပေ.

'ဒီနေ့ သူမကို တွေ့တွေ့ချင်း လက်ထပ်ခွင့်တောင်းလိုက်သင့်တာ'

အခုမှတော့ သူ့ရဲ့နောင်တက အရေးမပါတော့ပေ. အဲ့တာက အမြဲတမ်း အချည်းနှီးဖြစ်သွားခဲ့သည်. သူမကို ပထမဆုံးစတွေ့ခဲ့တုန်းက Lucius က ကြောက်မက်ဖွယ်စကားတွေကို Poliana ကို ပြောခဲ့မိသည်. ဥပမာအနေနဲ့ သူမနဲ့အိပ်မဲ့အစား ညစ်ပေနေတဲ့ ပြည့်တန်ဆာနဲ့ပဲ အိပ်လိုက်မယ် လို့ ပြောခဲ့သည်. သူက သူမထက် ပိုလှတယ်လို့ သူမကို ပြောခဲ့သည်. သူမကို မသတ်ခင်မှာ ကြည့်ကောင်းတဲ့စစ်သားတစ်ယောက်နဲ့ သူမကို အိပ်ခိုင်းဖို့လဲ ဧကရာဇ်က သူ့လူတွေကို အမိန့်ပေးခဲ့သည်.

သူမကို ပြောခဲ့ဖူးတဲ့စကားတွေကို အခြေခံပြီးတော့ သူမက သူ့ကို ချစ်မလာတဲ့အတွက်ကြောင့် Lucius က သူမကို ဘယ်တော့မှ အပြစ်တင်နိုင်မှာ မဟုတ်ပေ.

Poliana က သူ့အပေါ်ကို ဘယ်တုန်းကမှ အမှားမကျူးလွန်ဖူးပေ. အရာအားလုံးက ဧကရာဇ်ရဲ့အမှားတွေသာဖြစ်ပြီး သူ့တစ်ယောက်တည်းရဲ့ အမှားတွေဖြစ်သည်. ဒါပေမဲ့ Poliana က သူ့ဆီကို ပြန်လာမယ်လို့ ကျိန်ဆိုခဲ့သည်. ဘာတွေဖြစ်နေဖြစ်နေ သူမ ပြန်လာလိမ့်မည်. Lucius က သူမကို ခွင့်ပြုပေးနေသရွေ့ သူမက သူ့ဘေးနားမှာ သူ့စစ်သည်အဖြစ် ရှိနေမှာ ဖြစ်သည်.

ဧကရာဇ်က နောင်တရပြီးရင်း ရနေသည်. တကယ်လို့ သူမကို ချစ်မိသွားမယ်ဆိုတာကိုသာ သူသိခဲ့ရင် Lucius က အဲ့လိုရိုင်းပြတဲ့စကားတွေကို ဘယ်တော့မှ ပြောမိမှာ မဟုတ်ပေ. သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်လှုပ်ရှားခဲ့ပြီး မပြောသင့်တာတွေကို ပြောခဲ့မိတဲ့အတွက် သူက စစ်ပွဲကို အပြစ်တင်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now