အခန်း ၃၂၄

46 6 0
                                    

တကယ်တော့ Tory က Poliana ထင်ထားတာထက်ပိုပြီး ကြမ်းတမ်းတဲ့အချိန်ကာလတွေကို ဖြတ်ကျော်နေရတာဖြစ်နိုင်သည်. Poliana က သူမရဲ့လက်ရှိနေရာကို ရောက်ဖို့အတွက် အောက်ခြေကနေ တက်လာခဲ့တာဖြစ်သည်. တခြားစစ်သည်တွေက အထူးသဖြင့် သူမရဲ့အရည်အချင်းကို မျက်မြင်တွေ့ခဲ့ရသူတွေက သူမ စစ်မှုထမ်းခဲ့တဲ့အချိန်တွေကို လေးစားခဲ့ကြသည်. Tory ကတော့ မတူညီပေ. သူမရဲ့လက်ရှိရာထူးက ဧကရာဇ်ပေးအပ်ထားတာဖြစ်ပြီး သူမရဲ့အရည်အချင်းတွေကိုလဲ သက်သေမပြနိုင်သေးပေ. လူတွေက ဧကရာဇ်ကို လေးစားကြတာကြောင့် Tory ရဲ့အမိန့်တွေကို အတိုင်းအတာတစ်ခုအထိ နာခံကြပေမဲ့ Tory အနေနဲ့ သူတို့ရဲ့လေးစားမှုနဲ့ အသိအမှတ်ပြုမှုကို ရဖို့တော့ အဝေးကြီးလိုနေသေးသည်. Poliana က စာနာစွာနဲ့ တွေးလိုက်သည်.

'အခုအချိန်မှာ သူမ ပိုပြီး ပင်ပန်းနေတာဖြစ်နိုင်တယ်'

တကယ်လို့ သူမနေရာမှာ Rebecca သာဖြစ်နေမယ်ဆိုရင်တော့ သူမက အော်ဟစ်သောင်းကျန်းနေလောက်ပြီဖြစ်သည်.

"ဒါက အရမ်းခက်တာပဲ! ငါ မကြိုက်ဘူး! အားလုံးသေသွားရင်ကောင်းမယ်!"

'တကယ်လို့ Stra သာဆိုရင်တော့ သူမက ငိုကြွေးနေလောက်မည်'

ဒါပေမဲ့ Tory ကတော့ တိတ်တဆိတ်နေကာ ကြံ့ကြံ့ခံဖို့ ရွေးချယ်ခဲ့သည်. သူမက သူမရဲ့အခက်အခဲတွေကို တခြားသူတွေနဲ့ မမျှဝေခဲ့ပေ.

Poliana က ရေရွတ်လိုက်သည်.

"မင်း ပင်ပန်းနေမှာပဲ..."

သူမက Tory ပေါက်ကွဲဖို့ အခွင့်အရေးပေးလိုက်တာဖြစ်ပေမဲ့ Tory က သူမခေါင်းကို ရမ်းကာ ပြန်ဖြေလာသည်.

"Stra က ကျွန်မကို အများကြီး ကူညီနေတာဆိုတော့ အဆင်ပြေပါတယ်. Stra က လက်ထောက်အထိန်းတော်ချုပ်ဖြစ်သွားတာ ကြားတယ်မလား?"

"အင်း.. ငါ ဒီကိုရောက်တော့ကြားလိုက်တယ်"

အစကတော့ Lucius က Stra ကို Tory နဲ့ ရာထူးတူတူပေးအပ်ခဲ့သည်. Stra က ဘယ်တုန်းကမှ မရှိဖူးခဲ့တဲ့ရာထူးနေရာကြောင့် စိတ်မသက်မသာဖြစ်ကာ အဲ့ရာထူးကို ငြင်းဆန်ခဲ့သည်. သူမက လူတွေအသိအမှတ်ပြုပြီးသားနေရာကိုသာ သဘောကျတာကြောင့် သူမက လက်ထောက်အထိန်းတော်ချုပ်ဖြစ်လာသည်.

Emperor and the Knightness (Zawgyi) Book - 2Tempat cerita menjadi hidup. Temukan sekarang