အခန်း ၃၀၅

52 7 0
                                    

Poliana က ဧကရာဇ်ရဲ့ဇနီးနဲ့ ဧကရီဖြစ်လာမဲ့ သူမရဲ့ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာကို လက်ခံဖို့ အကောင်းဆုံးကြိုးစားနေပေမဲ့ ဒါက သူမအနေနဲ့ ရုတ်တရက်ကြီး သူ့ကိုချစ်မိသွားတယ်လို့ မဆိုလိုပေ. သူမက Lucius ရဲ့အလှတရားတွေကို ပျော်မွှေ့နေဆဲဖြစ်ပေမဲ့ အခုထိတော့ Poliana က သူ့ကို ယောက်ျားတစ်ယောက်အဖြစ် မမြင်သေးပေ.

ဧကရာဇ်က ထွက်မသွားခင်မှာ Poliana ကို ပြောလိုက်သည်.

"ငါ သိပါတယ် Pol. ဒါပေမဲ့ ငါ အကောင်းဆုံးကြိုးစားမယ်. မင်းက မိန်းမတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ကို လစ်လျှူရှုမှာမဟုတ်သလို ငြင်းဆန်မှာလဲ မဟုတ်ဘူး. မင်းက မိန်းမတစ်ယောက်ဖြစ်နေလို့ ဘယ်လောက်ထိ မတရားဆက်ဆံခဲ့ရလဲဆိုတာကို ငါသိတယ် ပြီးတော့ မင်းက အသန်မာဆုံးလူဆိုတာလဲ ငါသိတယ်"

"အရှင်...."

"ဒါ့ကြောင့် Pol. ငါက မိန်းမတစ်ယောက်အနေနဲ့ အမြင့်မားဆုံးမျှော်မှန်းလို့ရတဲ့အဆင့်ထိ မင်းကို ရောက်စေချင်တာပါ. မင်းကို မိန်းမတစ်ယောက်အဖြစ်နဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ ပျော်ရွှင်စေချင်တယ်. ဒီလိုအရာတွေနဲ့ မင်းကို ပျော်ရွှင်စေချင်သလို ဆက်ပြီးတော့ သန်မာနေစေချင်တယ်"

သူက သူ့လက်ကို ကမ်းလိုက်ပြီး Poliana က သူ့လက်ဖမိုးကို နမ်းဖို့ သူ့လက်ကို ဆွဲယူလိုက်တော့ ဧကရာဇ်က သူ့ခေါင်းကို ရမ်းလိုက်သည်. အဲ့အစား Lucius က Poliana ရဲ့လက်ကို ဆွဲကာ သူမရဲ့လက်ဖမိုးကို နမ်းလိုက်သည်. သူက ချစ်ခင်ကြင်နာမှု, လေးစားမှုအပြည့်နဲ့ ပြုမူခဲ့တာကြောင့် Poliana က သူမလက်ကို ဆွဲယူဖို့အတွက်တောင် အံ့ဩနေခဲ့သည်. Lucius ရဲ့အပြုံးက သူမကို လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေခဲ့သည်.

'ယောက်ျားတစ်ယောက်က ဘာလို့ ဒီလောက်အထိ ချောမောနေရတာလဲ?'

"Sir Pol, မင်းက ငါသိသမျှထဲမှာ အသန်မာဆုံးလူသားတစ်ယောက်ပါ"

Poliana ရဲ့နှလုံးသားထဲမှာ တစ်စုံတစ်ခုဖြစ်ပေါ်လာသည်. သူမရဲ့ခန္ဓာကိုယ်တွင်းက တစ်ခုခုက ပေါက်ကွဲထွက်လာတော့မလို ခံစားလိုက်ရသည်. သူမပါးပြင်တွေက ရှက်သွေးဖြာလာပြီး သူမခန္ဓာကိုယ်တစ်ခုလုံးက အကြောင်းပြချက်တစ်ချို့ကြောင့် ပူနွေးလာခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now