အခန်း ၂၄၅

36 3 0
                                    

ဧကရာဇ်က Sir Deke အကြောင်း စဉ်းစားနေတုန်းမှာပဲ ဒီစစ်သည်က တောင်ပိုင်းဒေသမှာ ပိတ်မိနေသည်. Sir Howe, Sir Donau နဲ့ Sir Deke တို့က အိမ်သခင်မပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဘုရင်ခံအိမ်တော်ကနေ ထွက်လာခဲ့သည်. သူတို့က သိုက်သူးသမားတစ်ယောက် အသုံးချတာကို ခံရတော့မဲ့ ကံမကောင်းတဲ့အမျိုးသမီးဖြစ်တဲ့ Poliana ကို ကယ်တင်ရမှာဖြစ်သည်.

သူတို့ခရီးစထွက်တာနဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်. ဒီမိုးတွေက ရဲရင့်တဲ့ စစ်သည်သုံးယောက်ကို မရပ်တန့်နိုင်ပေမဲ့ ဒီမိုးကြောင့် နောက်ထပ် ပြဿနာတစ်ခုက ပေါ်လာခဲ့သည်. Gora မြစ်ရေစီးဆင်းမှုက ပြင်းထန်နေပြီးတော့ သူတို့အသက်ရင်းပြီးတော့ ဖြတ်ဖို့တောင် မဖြစ်နိုင်ပေ.

ဒီလက်ထပ်ပွဲကို ရပ်တန့်ဖို့ တာဝန်ရှိနေတဲ့ Sir Donau နဲ့ Sir Howe တို့က စိတ်ပူနေသည်. သူတို့က ဘာလုပ်ရမလဲ မသိတော့ပေ. ပထမဆုံး မြစ်ကိုဖြတ်ဖို့ သူတို့ကြိုးစားလိုက်တော့ ဒေသခံတွေက သူတို့ကို ချက်ချင်းဟန့်တားလာကြသည်.

"ဆရာတို့, ဒီမြစ်ကို ဖြတ်ဖို့ ကြိုးစားရင်းနဲ့ သေသွားလိမ့်မယ်!"

"ဒါပေမဲ့ ငါတို့သွားမှဖြစ်မယ်! ငါတို့ ဒီမှာ ပိတ်မိနေလို့မဖြစ်ဘူး!"

"ဟုတ်တယ်! ငါတို့ မိုးရွာနေလို့ဆိုပြီးတော့ ရပ်လိုက်လို့မရဘူး! ဒါကို ဘယ်လိုလုပ်လို့ရမလဲ?!"

ညီအစ်ကိုနှစ်ယောက်က အပူတပြင်းဖြစ်နေသည်.

အန္တာရယ်ကြီးမားတဲ့ ရာသီဥတုကြောင့် မြို့တော်နဲ့ တောင်ပိုင်းဒေသကြားမှာ အဆက်အသွယ်ပြတ်တောက်နေသည်. ထူးဆန်းစွာနဲ့ပဲ ဒီလူသုံးယောက်ထဲမှာ သတင်းအချက်အလက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Sir Deke က တည်ငြိမ်စွာနဲ့ ဆက်ရှိနေသည်. တကယ်တမ်းစိတ်အပူရဆုံးဖြစ်ရမဲ့သူက သူဖြစ်ပေမဲ့ သူ့ကို ကြည့်ရတာ အရမ်းတည်ငြိမ်နေပုံရသည်.

ဒီတိုင်းပြည်ရဲ့ သတင်းအချက်အလက်တွေကို အမြဲတမ်း ပထမဆုံးသိသင့်တဲ့သူဖြစ်ပေမဲ့ Sir Deke က သက်တောင့်သက်သာဖြစ်နေသည်. ဘာကြောင့်လဲဆိုတော့ Lucius က ကျိုးကြောင်းဆင်ခြင်တတ်သူဖြစ်ပြီး ရာသီဥတုဆိုးရွားနေတာကြောင့် လူတစ်ယောက်ကို ဘယ်တော့မှ အပြစ်ရှာမဲ့သူမဟုတ်ဘူးဆိုတာကို သူသိနေလို့ဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now