အခန်း ၂၂၁

33 1 0
                                    

Sir Aeke, Sir Beke နဲ့ Poliana တို့ရဲ့ မျက်လုံးတွေက Sir Ainno ရဲ့ ရုတ်တရက်ကြေငြာချက်ကြောင့် ပြူးကျယ်လာသည်. သူတို့နားက ဖြတ်သွားတဲ့လူတွေကတောင် ရပ်တန့်သွားကြကာ သူတို့စကားကို နားစွင့်လာသည်. သူတို့က Sir Ainno ကို အာရုံစိုက်လာပြီး သိချင်စိတ်အပြည့်နဲ့ ကြည့်နေကြသည်.

"S-Sir Ainno? ခင်ဗျားနောက်နေတာမလား? ခင်ဗျားရဲ့ ဟာသဉာဏ်က ပိုဆိုးလာတာပဲ.. အရှင့်ရဲ့ဟာသဉာဏ်က ခင်ဗျားကို လွှမ်းမိုးသွားတာပဲဖြစ်ရမယ်"

"ကျ-ကျွန်တော်တို့ ညီမက နာမည်ကတော့ Cekel ပဲ.. ဟားဟားဟား ဒါပေမဲ့ ခင်ဗျားပြောနေတာ တခြား Cekel မလား? ခင်ဗျားလူမှားနေတာဖြစ်ရမယ်. အဲ့တာ ကျွန်တော်တို့ညီမ မဖြစ်နိုင်ဘူး. ခင်ဗျားနောက်နေတာပဲ ဖြစ်ရမယ်.."

Cekel ဆိုတာက အသုံးမများတဲ့ နာမည်တစ်ခုဖြစ်ပေမဲ့ Ingreter ညီအစ်ကိုတွေအတွက် စိတ်မကောင်းစရာက Sir Ainno က သူ့ကိုယ်သူ သေချာအောင် ပြန်ပြောလာသည်.

"ငါ Lady Cekel Ingreter ကို လက်ထပ်ခွင့်တောင်းပြီးပြီ. ဟုတ်တယ်. အဲ့တာ မင်းတို့ ညီမပဲ. မှားစရာအကြောင်းမရှိဘူး. တော်ဝင်နာရေးကာလပြီးသွားတာနဲ့ ငါ သူမကို လက်ထပ်မှာ"

Sir Ainno နောက်နေတာဖြစ်ပါစေလို့ ဆုတောင်းနေရင်းနဲ့ပဲ Sir Beke ရဲ့ မျက်လုံးတွေက တုန်လှုပ်နေသလို Sir Aeke ကလဲ ဆက်ပြီးပြုံးနေနိုင်အောင် ကြိုးစားနေရသည်. ဒါ တကယ်ကြီးဖြစ်နေတာလား? ဒါမှမဟုတ် သူတို့ အိပ်မက်မက်နေတာလား? တကယ်လို့ သူတို့က အိပ်မက်မက်နေတာဆိုရင်တော့ ဒါက အဆိုးဆုံးအိပ်မက်ပဲဖြစ်ရမည်.

လေထုက လေးလံထိုင်းမှိုင်းလာပြီး Ingreter ညီအစ်ကိုနှစ်ယောက်က မယုံကြည်နိုင်သေးတာကြောင့် သူတို့က Sir Ainno ကို ထပ်မေးလိုက်သည်.

"ခင်ဗျားတကယ်ပဲပြောတာလား? ခင်ဗျားတကယ်ပဲ ကျွန်တော်တို့ ညီမကို လက်ထပ်မှာလား? Cekel Ingreter?"

"ဟုတ်တယ်, ငါ့ညီတို့"

'သေစမ်း'

Sir Beke က မျက်ရည်တွေကျလာပြီး သေချာတာကတော့ ဒါက ပျော်လို့ကျလာတဲ့ မျက်ရည်တော့မဟုတ်ပေ. Poliana က Cekel နဲ့ ပတ်သက်ပြီး Sir Ainno ရဲ့ခံစားချက်တွေကို သိနေခဲ့တာတောင်မှပဲ သူမလဲ အံ့ဩသွားခဲ့သည်. သူမအနေနဲ့ ဒီလောက်အချိန်တိုလေးအတွင်းမှာ အခြေအနေတွေက ဒီလောက်အထိ ဖြစ်လာလိမ့်လို့ မထင်ထားမိပေ. Sir Ainno က ဘာတွေ ဘယ်လိုလုပ်လိုက်တာလဲ? လက်ထပ်ခွင့်လား? ပြီးတော့ အရှင်က ဒီလောက် အတင်းတုပ်စရာကောင်းတဲ့ အကြောင်းအရာကို ဘာလို့ သူမကို မပြောပြရတာလဲ? သူမ နောက်ဆုံးသိထားတဲ့ Sir Ainno နဲ့ Cekel တို့ရဲ့အခြေအနေက Cekel က သူ့ကို ငြင်းဆန်နေဆဲဖြစ်သည်. Cekel က သူနဲ့ပတ်သက်တဲ့ သူမစိတ်ကို ပြောင်းလိုက်ပြီလား? တကယ်လို့ ပြောင်းလိုက်တယ်ဆိုရင်လဲ ဘာလို့လဲ? ဘယ်လိုလုပ်ပြောင်းသွားတာလဲ?

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now