အခန်း ၂၂၂

33 2 0
                                    

ကံမကောင်းစွာနဲ့ အခုထိ Sir Ainno လက်အောက်မှာ အလုပ်လုပ်နေရဆဲဖြစ်တဲ့ Sir Mahogal က ထိတ်လန့်စရာသတင်းကို ကြားလိုက်ရတာနဲ့ Lucius ဆီကို ပြေးသွားခဲ့သည်. ဧကရာဇ်ရုံးခန်းရှေ့ရောက်တော့ သူက Master Chail ကို တံခါးရှေ့မှာ ရပ်နေတာကို တွေ့လိုက်သည်. ဒါက ဧကရာဇ်အနေနဲ့ ဧည့်သည်တွေကို လက်ခံတွေ့ဆုံနိုင်တယ်ဆိုတဲ့ လက္ခဏာဖြစ်သည်.

'အရမ်းကောင်းတယ်!'

Sir Mahogal က စိတ်လှုပ်ရှားစွာနဲ့ Master Chail ကို မေးလိုက်သည်.

"အရှင် အထဲမှာ ရှိလား?"

Master Chail က စကားတစ်ခွန်းမှ မပြောပဲ သူ့ခေါင်းကို ရမ်းလိုက်သည်. Sir Mahogal က တွေဝေသွားတဲ့အကြည့်နဲ့ သူ့ကို ထပ်ကြည့်လိုက်တော့ Master Chail က သူ့ခေါင်းကို ထပ်ရမ်းပြီး လက်ခါလိုက်သည်.

"မင်းအထဲဝင်သွားလိုက်ရေ Sir Mahogal"

တွေဝေနေဆဲဖြစ်ပေမဲ့ Sir Mahogal က သူ့ကို ပြောတဲ့အတိုင်း လုပ်လိုက်သည်. သူက အခန်းထဲကို လျှောက်သွားပြီး အခန်းထဲကို ရောက်သွားတာနဲ့ Master Chail ပုံစံက ထူးဆန်းနေရတဲ့ အကြောင်းအရင်းကို သိလိုက်ရသည်. Lucius ရဲ့ရုံးခန်းထဲမှာ တူညီတဲ့သတင်းကြောင့် ထိတ်လန့်အံ့ဩနေကြတဲ့ စစ်သည်တွေနဲ့ ပြည့်နေသည်. သူတို့က သူတို့မြင်ခဲ့ ကြားခဲ့ရတာတွေကို ဧကရာဇ်ကို ပြောပြနေသည်. ကြည့်ရတာ Yapa မှာ ရှိနေတဲ့ စစ်သည်တွေ အကုန်လုံး ဒီမှာ လာစုနေပုံရသည်. Sir Mahogal က သူရောက်လာတာ အရမ်းနောက်ကျနေပြီဆိုတာကို သတိပြုမိလိုက်သည်.

စစ်သည်အများစုက နယ်မြေသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့သူတွေ ဖြစ်သည်. ဒီမြင်ကွင်းက Sir Mahogal အတွက်တော့ စစ်အတွင်းမှာ နည်းဗျူဟာအစည်းအဝေးလုပ်နေတဲ့ပုံစံမျိုးနဲ့ တူနေသည်. စစ်သည်တွေက လေးနက်တဲ့အမူအရာနဲ့ ထိုင်နေတဲ့ ဧကရာဇ်ရှေ့မှာ အားကြိုးမာန်တက်နဲ့ ပြောပြနေကြသည်.

စစ်သည်တွေက Sir Mahogal ကိုတွေ့လိုက်တော့ သူတို့အားလုံးက တပြိုင်နက်တည်းပြောလာကြသည်.

"အို, Sir Mahogal မင်းလဲ ရောက်လာပြီပဲ!"

"လာ, လာ, မင်းက နောက်တောင်ကျနေပြီ!"

"Sir Mahogal, မင်းရော ဘာတွေ့ခဲ့လဲ? အရှင့်ကို မင်းတွေ့ခဲ့တာတွေ ပြောပြလိုက်ဦး!"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now